ဆဲလ်ဖို့စီးတီးကို အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းဟာ " အက်ဖ်အေ ဖလား" ပြိုင်ပွဲရဲ့ လက်မောင်းတံဆိပ်ကိုဝတ်ဆင်ပြီး ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီလိုဝတ်ဆင်တာဟာ တခြားအသင်းတွေအတွက် သာမန်ပဲဖြစ်ပေမဲ့ မန်စီးတီးအသင်းအတွက်ဝောာ့ ထူးခြားမှုရှိပါတယ်။
ယခင်ရာသီတွေတုန်းက မန်စီးတီးအသင်းဟာ အက်ဖ်အေဖလားပွဲစဉ်တွေမှာ လက်မောင်းတံဆိပ်မှာပါတဲ့ 'အမ်းမရိတ်' ဆိုတဲ့စာသားကြောင့် ဝတ်ဆင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
အကြောင်းကတော့ မန်စီးတီးရဲ့ ဂျာစီစပွန်ဆာ 'Etihad Airway ' လေကြောင်းလိုင်းဟာ အက်ဖ်အေဖလားရဲ့ စပွန်စာ 'Fly Emirates ' လေကြောင်းလိုင်း နှင့် ပြိုင်ဘက်တွေဖြစ်နေတာကြောင့်ပါပဲ။
မနေ့ညက ဆဲလ်ဖို့စီးတီးနှင့်ပွဲမှ ပြန်လည်ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Emirates ဆိုတဲ့စာသားတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
#ဘောလုံးသတင်းစုံ

