Die Alone (2024)
လူသားတွေမှီခိုအားထားပြီးနေထိုင်နေရတဲ့ကမ္ဘာကြီးက လူသားတွေကြောင့်ပဲ တစ်နေ့တစ်ခြားပိုပိုပျက်စီးယိုယွင်းလာတာကိုကိုယ်တွေ့မျက်မြင်မြင်တွေ့ရမှာပါ။ရာသီဥတုပြောင်းလဲတာရေမြေတွေညစ်ညမ်းလာတာတွေအပြင် ကမ္ဘာကြီးအဆိပ်သင့် လာရတာတွေကလည်းလူသားတွေရဲ့လောဘတွေကြောင့်ပါပဲ။
အဲ့ဒါတွေအတွက်ကမ္ဘာကြီးကကိုယ့်ကိုယ်ကိုယ်ပြန်လည်ရယူတဲ့အနေနဲ့ ဇွန်ဘီတွေလိုဖြစ်သွားစေမဲ့ဗိုင်းရပ်စ်တစ်ခုကိုလူသားတွေဆီပေးသနားလိုက်တဲ့ပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Die Alone ဖြစ်ပြီး လက်ရှိ IMDb Rating 5.6 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ အထက်မှာပြောထားခဲ့တဲ့ဗိုင်းရပ်စ်ကကမ္ဘာပေါ်မှာပျံ့နှံနေပြီး လူတွေလည်း အသက်ရှင်သန်နိုင်ဖိုအတွက်ကြိုးစားရုန်းနေကြရပါတယ်။အဲ့ဒီထဲမှာအီသန်နဲ့အမ်မာဆိုတဲ့လူငယ်စုံတွဲလေးလည်း အပါအဝင်ဖြစ်ပါတယ်။သူတိုက ကားတစ်စီးနဲ့ဘေးကင်းရာကိုထွက်ပြေးလာခဲ့ကြပေမဲ့လမ်းမှာကားမှောက်ပြီးလူကွဲသွားပါတော့တယ်။အီသန်နိုးလာတဲ့အခါမှာ အမ်မာ့ကိုမတွေ့ရတော့ဘဲ ကမ္ဘာကြီးပေါ်မှာဘာတွေဖြစ်နေတယ်ဆိုတာကိုပါ မေ့ပျောက်နေခဲ့ပါတယ်။အဓိကပြဿနာကတော့ သူ့မှာအတိတ်မေ့ရောဂါရှိနေလိုပါပဲ။ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မေလိုခေါ်တဲ့အဖွားကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူ့အိမ်မှာ လိုက်ပါနေထိုင်ခွင့် ရခဲ့ပါတော့တယ်။မေက ဒီလောကကြီးထဲမှာကျင်လည်နေတာကြာပြီဆိုတော့ သူ့အတွက်အသက်ရှင်သန်နေထိုင်ဖိုဆိုတာ ခက်ခဲတယ်တော့မဟုတ်တော့ပါဘူး။ဒါပေမယ့် အီသန်ကတော့ သူ့ကောင်မလေးအမ်မာကိုပဲ သွားရှာချင်စိတ်တွေတဖွားဖွားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ အီသန်တစ်ယောက် အမ်မာ့ကိုရှာဖိုကြိုးစားရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ မေကရောသူ့ကိုကူညီပေးပါ့မလားဆိုတာတွေကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
#movie
