15 w - Translate

ဘေလင်း ရာသီဝက်အငှားဖြင့် နာပိုလီ ပြောင်းရွှေ့
-------------------------
ဘုန်းမောက်အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်လူ ဘေလင်းဟာ ရာသီဝက်အငှားနဲ့ စီးရီးအေကလပ် နာပိုလီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘေလင်းဟာ အခုရာသီမှာ ဘုန်းမောက်အသင်းအတွက် ၁၀ ပွဲ ကစားပေးထားပြီး ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ရတာက တစ်ပွဲသာ ရှိထားခဲ့တာပါ။

၂၀၁၉ ဇူလိုင်မှာ ဟက်ဒါဖီးလ် အသင်းကနေ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ဘေလင်းဟာ အစောပိုင်း မှာ ဘုန်းမောက်အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် နည်းပြ အိုင်ရာအိုလာ လက်ထက်မှာတော့ ပုံမှန်ပွဲ ထွက်ခွင့် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းဟာ အခုရာသီ စီးရီးအေအမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတာဖြစ်ပြီး ချန်ပီယံဆု အတွက် အင်တာမီလန်၊ အတ္တလန္တာအသင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင် နေရတာ ဖြစ်ပါတယ်။

နာပိုလီနည်းပြ ကွန်တီဟာ အခုရာသီအစပိုင်းမှာ ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ တွမ်မီနေးနဲ့ ဂီလ်မော တို့ကို ခေါ်ယူထား ခဲ့သလို အခုလည်း ဘေလင်းကို ကွင်းလယ်အတွက် ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။ ဘုန်း မောက်နည်းပြ အိုင်ရာအိုလာဟာ အသင်းတိုက်စစ်မှူးတွေ ဒဏ်ရာရနေတာကြောင့် ဝက်ဖို့ဒ်အသင်းကို အငှားချ ထားတဲ့ တိုက်စစ် မှူး ဂျက်ဘင်ဆင်ကို ပြန်လည်ခေါ်ယူထားတယ်လို့ သိရပါတယ်။

image