16 ပတ် - ဘာသာပြန်ပါ။

အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ်
အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ

ကညွတ် (asparagus) ၇ ချောင်း
သံလွင်ဆီ (olive oil) အနည်းငယ်
အခွံမပါသော ဂုံး (mussel) 1/2 kg
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ (red onion) 1/2 cup (125 ml) ခန့်
ပါးပါး၊ ရှည်ရှည်အချောင်းလေးများလှီးကာ ရေဆေးထားသော မုန်လာဥနီ 1/2 cup (125 ml) ခန့်
ပါးပါးလှီးထားသော ပူစီနံ လက်တစ်ဆုပ်ခန့်
၂ ပိုင်းဖြတ်ကာ အကွင်းလိုက်ပါးပါးလှီးထားသော သံပရိုသီး တစ်လုံး၏ ၄ ပုံ ၁ ပုံခန့်
သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
ငါးငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီး အကြမ်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မာသည့်အောက်ဖက်ပိုင်းအား ချိုးပစ်ပြီးနောက် သံလွင်ဆီဖြင့်သုတ်ထားသော ကညွတ်များကို grill pan ထဲထည့်ကာ high heat ဖြင့် ၇ မိနစ်ခန့် အိုးပူတိုက် (grill) ပေးပါ။(ကညွတ်များ အရမ်းမတူး၊ အရမ်းမကျက်သွားစေရန် မကြာခဏ ဇွန်းဖြင့် ဟိုဖက်၊ ဒီဖက် လှိမ့်ပေးပါ။)

DSC00498

ပြီးလျှင် ၂ လက်မအရှည်ခန့် လှီးကာ အအေးခံထားပါ။
ဂုံးများအား ရေဆူဆူထဲ ၁ မိနစ်ခွဲခန့် ထည့်ပြုတ်ပြီး ဆယ်ထုတ်ကာ အပူရှိန်ကြောင့် အကျက်လွန်ပြီး ကျုံ့မသွားစေရန် ရေအေး (ရေခဲရေမဟုတ်)ထဲ ၁ မိနစ်ခန့် စိမ်ပြီး ဇကာဖြင့် ရေပြန်စစ်ထားပါ။
ရေစစ်ပြီးနောက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ခပ်ဖွဖွနယ်သုပ်လိုက်လျှင် အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ်လေး အရသာရှိလှစွာ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

image