ကိုယ်ခန္ဓာလှုပ်ရှားမှုမှ လျှပ်စစ်ထုတ်ကိရိယာ ကိုရီးယား တီထွင်
---------------------------
ကိုယ်ခန္ဓာလှုပ်ရှားမှုကနေ လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တဲ့ကိရိယာကို တောင်ကိုရီးယားနိုင်ငံ သုတေသနပညာ ရှင်တွေက အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုကနေ လျှပ်စစ်စွမ်းအင်ထုတ်ပေးနိုင်တဲ့ ကိရိယာတွေ ထွက်ပေါ်လာတာက ကြာပါပြီ။ ဒါပေမဲ့ အခုထုတ်လုပ်လိုက်တဲ့ ကိရိယာကတော့ အရင်က ကိရိယာ တွေထက် အဆပေါင်း ၂၈၀ လျှပ်စစ်စွမ်းအင် ပိုမိုထုတ်ပေးနိုင်တဲ့ကိရိယာဖြစ်ပါတယ်။
အဲဒီကိရိယာမှာ အားသက်ရောက်တဲ့အခါ လျှပ်စစ်စွမ်းအင်ထုတ်ပေးနိုင်တဲ့ Piezoelectric Effect ကိုအသုံးပြုထား ပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ် ပါတယ်။ အဲဒီနည်းပညာကို စမတ်နာရီ၊ Fitness Tracker နဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းနိုင်ရင် အားသွင်း စရာမ လိုတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင်ကိုယ်ခန္ဓာကနေ လျှပ်စစ်စွမ်းအင် များစွာထုတ်နိုင်တဲ့အတွက် စက်ပစ္စည်းတွေကို အလို အလျောက် အား သွင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ ပတ်ဝန်းကျင်ကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်သလို လူသားတွေအတွက်လည်း အလွန်အကျိုးရှိမယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။

