အိုင်ဗရီကို့စ်လက်ရွေးစင်လူငယ်တောင်ပံကစားသမား အာမတ်ဒ်ဒီဂျန်လ်လိုက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးချုပ်ဆိုဖို့သဘောတူညီခဲ့ပြီးနောက်ကလပ်အသင်းရဲ့ပုံမှန်သတင်းဌာန အမ်ယူတီဗီနဲ့အင်တာဗျူးမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်အာမတ်ဒ်ဒီဂျန်လ်လိုဟာ ၂၀၂၁ ခုနှစ်တုန်းက အတ္တလန်တာအသင်းကနေပြောင်းရွှေ့လာခဲ့ပေမဲ့ အစောပိုင်းကာလတွေမှာတော့ကလာစကိုရိန်းဂျားအသင်းနဲ့ဆန်းဒါးလန်းအသင်းတွေဆီအငှားသွားရောက်ကစားခဲ့၇ပြီး ပြီးခဲ့တဲ့ရာသီကာလတုန်းကအက်ဖ်အေဖလားပွဲစဉ်ဖြစ်တဲ့လီဗာပူးလ်အသင်းကိုအနိုင်ရအောင်အရေးပါတဲ့သွင်းဂိုးသွင်းယူပေးခဲ့ကာပြီးခဲ့တဲ့ရာသီကာလတုန်းကမန်စီးတီးအသင်းကိုအနိုင်ရအောင်ကူညီပေးခဲ့တာနဲ့အတူ ၂၀၂၄ ခုနှစ်မှာမန်ယူအသင်းနဲ့အတူသက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့အာမတ်ဒ်ဒီဂျန်လိုဟာ မန်ယူအသင်းအတွက်ပွဲပေါင်း ၄၉ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၉ ဂိုးသွင်း ၉ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ပွဲ ၅၀ မြောက်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အာဆင်နယ်အသင်းနဲ့ကစားရမဲ့ အက်ဖ်အေဖလားတတိယအဆင့်ကိုပွဲစဉ်ကိုကစားဖို့အခွင့်အရေးရှိပါတယ်။
အာမတ်ဒ်အနေနဲ့ကတော့ မန်ယူအသင်းနဲ့ရေရှည်စာချုပ်သစ်သက်တမ်းတိုးချုပ်ဆိုတာနဲ့ပတ်သက်ပြီး "ဒီဟာကကျနော့်အတွက်အများကြီးအဓိပ္ပါယ်ရှိပါတယ်။ဘာလို့လဲဆိုတော့ကျနော်ဒီကလပ်အသင်းကိုချစ်ပါတယ်။ဒီဂျာစီကိုဝတ်ဆင်တဲ့အကြိမ်တိုင်းမှာ ကျနော်အရမ်းဂုဏ်ယူပါတယ်။ကွင်းထဲမှာရှိတဲ့အကြိမ်တိုင်းမှာ ဒီကလပ်အသင်းအတွက်ကျနော်တိုက်ပွဲဝင်ချင်ပြီးတော့ ဒီမှာကြာကြာရှိရမှာဖြစ်တဲ့အတွက်ကျနော်ပျော်ရွှင်ပါတယ်။
ပထမဆုံးအဆင့်ကတော့ မင်းအနေနဲ့ယုံကြည်မှုရှိရမှာပါ။ကျနော့်အပေါ်မှာကျနော်အမြဲယုံကြည်မှုရှိပါတယ်။ကျနော့်ရည်မှန်းချက်အသီးသီးပေါက်မြောက်ဖို့အတွက်အလုပ်ကြိုးကြိုးစားစားလုပ်ဆောင်ပါတယ်။ဒီနေ့မှာတော့ ကျနော့်အနေနဲ့ နောက်ထပ် ၅ နှစ်သက်တမ်းတိုးရတဲ့အတွက်ဝမ်းသာပါတယ်။ကျနော်ဒီမှာကြာကြာနေချင်ပါတယ်။၅ နှစ်တည်းမဟုတ်ပေမဲ့ ကျနော့်ဘ၀တလျှောက်လုံးနေချင်ပါတယ်" လို့ အာမတ်ဒ်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
