15 ပတ် - ဘာသာပြန်ပါ။

Chhorii [2021] အိန္ဒိယသရဲကား
============
Horrorကြိုက်သူတွေ အကြိုက်‌တွေ့စေမယ့်

ကလေးချစ်တတ်ပြီး မိဘမဲ့ဂေဟာNGOမှာ ဦးစီးဦးဆောင်လုပ်နေတဲ့

ဆာ့ခ်ရှီဟာကိုယ်ဝန်၈လရနေပြီဖြစ်တဲ့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါ။

ယောက်ျားဖြစ်သူ ဟယ်မန့်က စီးပွားရေးအတွက်ရင်းနှီးငွေတွေ အလိမ်ခံလိုက်ရပြီး

အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ကြုံတွေ့လာချိန်.....

တစ်နေရာမှာ ပုန်းရှောင်နေဖိုအတွက်အကြောင်းဖန်လာပါတော့တယ်။

စိုက်ခင်း‌တွေကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာကအိမ်မှာ ခဏရှောင်နေကြရင်းက ဒီဇာတ်လမ်းက အစပြုလာပါတယ်။

ပုံမှန်မဟုတ်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာမှာ

ဆာ့ခ်ရှီက သူနဲ့ သူ့ရဲ့မမွေးသေးတဲ့ကလေးကို ကာကွယ်ဖို လွတ်မြောက်အောင် ကြိုးစားရင်း

ဇာတ်လမ်းရဲ့မြှုပ်ထားတဲ့ ဇာတ်ကွက်တွေက တဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်။

ထူးဆန်းတဲ့ကလေး၃ဦးနဲ့ မီးလောင်ကျွမ်းနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဝိဉာဉ်က ဘာအတွက် မကျွတ်မလွတ်ဖြစ်နေရတာလဲ????

ဘာကိုအငြိုးကြီးနေခဲ့လို ဒီစိုက်ခင်းကြီးကကိုယ်ဝန်သည်တွေအတွက် ကျိန်စာတစ်ခုလိုဖြစ်နေရတာလဲ?
ဆိုတာဇာတ်လမ်းလေးကိုကြည့်ရှု့ဖို့ ဝေမျှပေးလိုက်ပါတယ်ဗျ။
#horror

image