စပါးကြီးသည်းခြေအကြောင်း သိကောင်းစရာ

စပါးကြီးသည်းခြေက လေဖြတ်လေငန်းရောဂါများအတွက် အထူးဆေးစွမ်း ထက်ပါတယ်။
လေဖြတ်ထားပြီး စကားမပြောနိုင်ပါက စပါးကြီး သည်းခြေဖြင့် လျှာကို ပွတ်ပေးလိုက်ပါက စကားပြန်ပြောနိုင်ပါတယ်။
စပါးကြီးသည်းခြေ၏ စွမ်းရည်
==================
စပါးကြီး သည်းခြေကို အသုံးပြုရာတွင် စစ်မှန်သော ပစ္စည်းဖြစ်ရန် အထူးလိုအပ်သည်။
စပါးကြီးသည်းခြေ စစ်မစစ် စမ်းသပ်နည်းတို့တွင် လွယ်ကူသောနည်းတို့ကို ဖော်ပြလိုက်ပါသည်။
အလွန်ထူးခြားသောအချက်မှာ လဆန်း ၈ ရက်များနဲ့ လပြည့်ကျော် ၈ ရက်များတွင် အစို ပြန်လာခြင်းပင် ဖြစ်သည်။
စပါးကြီး သည်းခြေသည် ရေတက်ရက်များ၌ စိုနေတတ်ပြီး ရေသေရက်များ၌ ခြောက်သွေ့သွားတတ်ပါသည်။
သတိပြုရန်
=======
စပါးကြီးသည်းခြေမှာ အသုံးများပြီး အလွန်စွမ်းသည်ဟု ပြောနေကြသောလည်း ရှာဖွေတွေ့ရှိရန်မှာ ခက်ခဲသည်။လိုက်လံ ရောင်းချနေသော သည်းခြေများမှာ အစစ်မဟုတ် အတုများသာ ဖြစ်သည်။
အထူးသတိပြုရန်မှာ အစစ် တစ်ခု အတု တစ်ထောင် ဟူသော စကားအတိုင်း ညို့ ချက်ကြိုး စသည် ပြည့်စုံစေလျှက် အတုပြုလုပ်ကြသည်လည်း ရှိသည်။
ချိုသော အရသာ အနည်းငယ် ထည့်သွင်းကြသည်လည်း ရှိသည်။ထိုအခါတွင် ပုံပန်းသဏ္ဍာန်ကို ကြည့်ရသည်။
အရသာဖြင့် စမ်းသပ်ရာ၌လည်း အစစ် အချိုနဲ့ အတု အချိုသည် ကွဲပြား ခြားနားမူရှိသည်။ထိုသို့ သတိပြုမှတ်သားပြီး စပါးကြီးသည်ခြေ စစ်မစစ်ကို ခွဲခြားမှတ်ယူနိုင်သည်။
စပါးကြီး သည်းခြေ စစ်မစစ် စမ်းသပ်နည်းများ
============================
၁။ စပါးကြီးသည်းခြေကို အနည်းငယ် လျှာပေါ် တင်ကြည့်သောအခါ သည်းခြေ တကာတို့သည် စ လယ် ဆုံး ၃ ကြိမ်လုံး ခါးကြသော်လည်း စပါးကြီးသည်းခြေက ဦးစွာ
ခါးသောအရသာကို ရသော်လည်း နောက်ပိုင်း ချိုသော အရသာကိုရသည်။
၂။ စပါးကြီး သည်းခြေရည်ကို လက်ဖဝါးတွင် သုတ်ထားပါက လက်ဖမိုးတွင် ခါးသော အရသာ ထွင်းဖောက် လာသည်ကိုတွေ့ရသည်။
၃။ စပါးကြီးသည်းခြေ စစ်မစစ်သိလိုလျှင် သည်းခြေကို သွေး၍ ရေ၌ ချကြည့်ပါ။
ဝိုင်းပတ်၍ ပြေးလျှင် အတုဖြစ်ပြီး တည့်တည့်ပြေးလျှင် အစစ်ဖြစ်သည်။သည်းခြေတိုင်း သွေး၍ ရေ၌ထည့်လျှင် ဝိုင်းပတ်၍ ပြေးကြသည်။ စပါးကြီးသည်းခြေ တမျိုးသာလျှင် တည့်တည့်ပြေးသည်။
၄။ စပါးကြီးနဲ့ စပါးအုံးလည်း မှားတတ်ပါသည်။
၅။ အခြားသော သည်းခြေများသည် အခွံထူထဲပြီး အိတ်သဏ္ဍာန် ရှိသော်လည်း စပါးကြီးသည်းခြေကား အလွန်ပါးလွှာသော အခွံ၏ အတွင်း၌ သည်းခြေရည်သည် ပျံ့နှံ၍
တည်နေသည်။
၆။ စပါးကြီး သည်းခြေသည် မည်သည့်အခါမှ သိုးခြင်း ပုပ်ခြင်းမရှိသည်ကို တွေ့ရလေသည်။
ခွဲခြားပုံမှာ -
======
● စပါးကြီးသည် နှာခေါင်းပေါက် ကိုးပေါက်ပါရှိပြီး စပါးအုံးတွင် မပါရှိပေ။
●စပါးကြီး အကွက်သည် စိပ်ပြီး တဆက်တည်း ရှိသည်။
●စပါးအုံးအကွက်သည် ကျဲပြီး တဆက်တည်း မရှိတတ်ပေ •
●ယခုလိုက်လံရောင်းချနေသော သည်းခြေများသည် ထန်းလျက်. မန်ကျည်းသီးရည် အခြား သည်းခြေတို့ကို အိတ်လုပ်ပြီး ထုပ်ကာ ညို့ တပ်၍ ထင်ယောင်ထင်မှား ဖြစ်
အောင် လုပ်၍ ရောင်းချကြခြင်းဖြစ်သည်။
ထိုနည်းတို့ဖြင့် စပါးကြီး သည်းခြေ စစ် မစစ်ကို စမ်းသပ်နိုင်သည်။

image