လက်ရှိကမ္ဘာ့အချမ်းသာဆုံး သူဌေး အီလွန်မက်ရဲ့
ကမ္ဘာပတ်လမ်းထဲကို ဂြိုလ်တုတွေလွတ်တင်ပြီးတော့
လူတွေကို အင်တာနက်ပေးသုံးနေတဲ့ Starlink ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာကတော့ တရုတ်အခြေစိုက် နည်းပညာ ကုမ္မဏီ Chang Guang ပါ ။
လွန်ခဲ့တဲ့ ဇန်နဝါရီ၂ရက်နေ့ကဘဲ တရုတ်ကုမ္မဏီက သူတို့လွတ်တင်ထားတဲ့ ကမ္ဘာပတ်လမ်းထဲက ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီးတော့ မြေပြင်က အင်တာနက်သုံးတဲ့
Satellite to ground စမ်းသတ်ချက်အောင်မြင်ခဲ့တယ်လို့သိရပါတယ် ။
အခုတစ်ကြိမ် ဒီစမ်းသတ်ချက်မှာ အင်တာနက် အမြန်နှုန်းက 100 Gbps အထိကို ရှိခဲ့တာဖြစ်ပြီး ဒီအမြန်နှုန်းဟာ အီလွန်မက်ရဲ့ Starlink ကုမ္မဏီက တင်ထားတဲ့ အမြန်နှုန်းထက် (၁၀) ဆ ပိုမြန်တာဖြစ်ပါတယ် ။
လက်ရှိ လူတွေအသုံးပြုနေကြတဲ့အထဲမှာ ကမ္ဘာ့အမြန်ဆုံးအဖြစ်စံချိန်တင်ထားတဲ့ NASA ( နာဆာ ) မှာသုံးနေတဲ့ အင်တာနက်မြန်နှုန်းက 91 Gbps ဖြစ်ပါတယ် ။
#ts
