မြန်မာနိုင်ငံက ဆင်လိမ္မာ ၆ ကောင်ကို ရုရှားနိုင်ငံသို့ လက်ဆောင်ပေးအပ်
ဇန်နဝါရီ ၁၃
မြန်မာ-ရုရှား သံတမန် ဆက်ဆံရေးထူထောင်မှူ (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံက ဆင်လိမ္မာ ၆ ကောင်ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့အခြေစိုက် ရုရှားဆပ်ကပ်အဖွဲ့ဖြစ်တဲ့ ဂရိတ်မော်စကိုအဖွဲ့ထံသို့ ဇန်နဝါရီ ၁၀ ရက်နေ့က လက်ဆောင်ပေးအပ်ခဲ့တယ်လို့ ရှရှားနိုင်ငံပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ်ရှိတဲ့ အဆိုပါ ဆင်လိမ္မာ ၆ ကောင်ဟာ ဆင်ထိန်းသိမ်းရေးစခန်းတွေမှာ မွေးဖွားခဲ့တာဖြစ်တယ်လို့သိရပြီး အဲဒီဆင်တွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဆာခါရိုဗာက အစာတွေကျွေးခဲ့သလို ယခုလို ဆင်တွေ လက်ဆောင်ပေးတဲ့အပေါ် မြန်မာကို ကျေးဇူးတင်တယ်လို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်တုန်းကလည်း ရုရှားနိုင်ငံကို ဆင်လိမ္မာ ၃ ကောင် လက်ဆောင်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw