ဌက်ပျောဆနွင်းမကင်း
ဘန်းဆိုဒ် ၉+ ၁၁ လက်မ
ဌက်ပျောသီး....၁၇ လုံး (အရွယ်တော်)
ဂျုံမှုန့်.. ..၁၀ ကျပ်သား(160g)
အုန်းသီး.. ..၁လုံး (အမှုန့်ခြစ်ထားပါ)
သကြား...၂၀ ကျပ်သား( အချိူမကြိုက်ရင်
လျှော့ပါ) (320 g)
ထောပတ်.....၁၀ ကျပ်သား (160g)
နို့မှုန့် (pep)....၂ထုပ် (30 g)
ဆား.....၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့.. ...အနည်းငယ်
Food colour(နီ).....အနည်းငယ်
ရွှေကြည်မှုန့်.. ၅ဇွန်းမောက်(ထမင်းစားဇွန်း)
ငှက်ပျောသီး ကိုကြေအောင်ချေထားပါ
ဂျုံ +ထောပတ် +သကြား+ အုန်းသီးမှုန့်
နို့မှုန့် + ဆား+ ရွှေကြည် ထည့်ပြီးအားလုံးသမသွားအောင် ရောနယ်ပါ
အရောင်လိုသလောက်ထည့်ပြီး နှံ့အောင်
နယ်ပါ (food colour မထည့်လဲရပါတယ်)
ဖုတ်မယ့်ဘန်းကို ထောပတ်သုတ်ပြီး
မုန့်နှစ်လောင်းထည့် အပေါ်ယံညီအောင်
ထောပတ် ၂ဇွန်းလောက် ဆမ်းပြီး
ညှိပေးပါ
ပြီးရင် ဘိန်းစေ့ဖြူးပြီး အပူချိန်
၂၀၀ံ စင်တီဂရိတ်နဲ့ အပေါ်မီး များများ
အောက်မီးနဲနဲ နဲ့ မိနစ် ၄၀လောက် ဖုတ်ပေးပါ
(အောက်မီး ကို ၁၀မိနစ်လောက်ပဲ
ပေးပါတယ်)
မိနစ် ၃၀ လောက်နေရင် ဓားချွန်
လေးနဲ့ ထိုးကြည့်ပြီး မုန့်နှစ်ကပ်မပါလာ
တော့ရင် ကျက်ပါပြီ အပေါ်ယံ နီလာအောင်
၁၀ မိနစ်လောက် ထပ်ထားပြီးရင်
ရပါပြီဗျ
အအေးခံပြီးမှ ကြိုက်ရာပုံဖြတ်ပြီးသုံးဆောင်လို့ရပါပြီ
#မြိန်မြိန်
