ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး ထရန့်နဲ့ ပူတင်တို့ သီတင်းပတ်အနည်းငယ်အတွင်း ဆွေးနွေးဖွယ်ရှိနေ
ဝါရှင်တန်၊ ဇန်နဝါရီ ၁၃
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း တယ်လီဖုန်းဆက်သွယ်ဆွေးနွေးနိုင်တယ်လို့ ထရန့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူက ပြောပါတယ်။
ပူတင်နဲ့ လူချင်းတွေ့ဆုံဖို့လည်း စီစဉ်နေတယ်လို့ အစောပိုင်းမှာ ဒေါ်နယ်ထရန့်ကလည်း သူသမ္မတဖြစ်တာနဲ့ ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်မယ်လို့ ကတိပြုပြောဆိုထားပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ခေါင်းဆောင်နှစ်ယောက်အကြား အနည်းဆုံး တယ်လီဖုန်းဆက်သွယ်ဆွေးနွေးဖို့ ရှိနေတယ်လို့ မိုက်ဝေါ့ဇ်က ပြောပါတယ်။
ယူကရိန်းမှာ စစ်သည်အင်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး စစ်မှုထမ်းသက်ကို ယခင်က ၂၅ နှစ်ကနေ ၁၈ နှစ်အရွယ်တွေထိ တာဝန်ထမ်းဆောင်ဖို့ စီစဉ်နေပါတယ်။ စစ်ပွဲကို သံတမန်နည်းလမ်းအရသာ အဆုံးသတ်ရမယ်ဆိုတာ လူတိုင်းနားလည်ထားကြောင်း မိုက်ဝေါ့ဇ်က ပြောပါတယ်။
လက်ရှိမှာတော့ ရုရှားဟာလည်း မြောက်ကိုရီးယားစစ်သား သောင်းနဲ့ချီခေါ်ယူထားပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေပြီး သက်သေအနေနဲ့ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားဟာ စစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားတွေရဲ့ ပါဝင်ပတ်သက်မှု သက်သေတွေကို ဖျောက်ဖျက်ပစ်ဖို့အတွက် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားတွေကို ကွပ်မျက်ပစ်လေ့ရှိတယ်လို့ သူက ဆိုပါတယ်။
ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေကိုတော့ နိုင်ငံတကာဥပဒေတွေနဲ့အညီထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ သူတို့တွေဟာ ရုရှား၊ ယူကရိန်းနဲ့ အင်္ဂလိပ်စကားတွေ မပြောတတ်တာကြဘဲ အတည်ပြုချက်တွေအရ မြောက်ကိုရီးယား စစ်သားတွေ ဖြစ်တယ်လို့ သက်သေခံကဒ်တွေမှာတော့ ဒါကို ဖုံးကွယ်ထားတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
Ref:NHK
Photo:AP
#သတင်းဟင်းလေးအိုးကြီး
