မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ရန်ဒန်လ်ကိုလိုမူအာနီကိုကိုအပြီးသတ်ဝယ်ယူခွင့်အပါအဝင် အငှားခေါ်ယူဖို့အတွက်အမှန်တကယ်စိတ်ဝင်စားမှုရှိနေတယ်လို့ ဂျာမနီသတင်းတွေကဖော်ပြခဲ့ပါတယ်။
ရန်ဒန်လ်ကိုလိုမူအာနီဟာ ပီအက်စ်ဂျီအသင်းအသုံးမပြုတဲ့ကစားသမားတယောက်ဖြစ်ပြီး နည်းပြလူးဝစ်အင်နရီကေးရဲ့နောက်ပိုင်းပွဲစဉ်တွေမှာအသင်းကစားသမားစာရင်းကနေချန်ပလှပ်ထားခံရတာကြောင့် သူ့ရဲ့အနာဂတ်ဟာ ပီအက်စ်ဂျီအသင်းကနေထွက်ခွာဖို့ဖြစ်လာစေခဲ့ပါတယ်။
ဥရောပကလပ်အသင်းအများအပြားကလည်း အဆိုပါအသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးကိုစိတ်ဝင်စားမှုရှိနေပြီး အဂ်လန်ကလပ်အသင်းအနေနဲ့ကတော့တော့တင်ဟမ်ဟော့စပါး၊အက်စတွန်ဗီလာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့သတင်းထွက်ပေါ်နေပါတယ်။
နောက်ဆုံးမှာတော့သရဲနီအသင်းဟာ ဒီဆောင်းရာသီကာလစျေးကွက်မှာအပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက်ကြိုးစားမှုပိုမိုလာခဲ့ပြီး လက်ရှိမှာတော့ ရန်ဒန်လ်ကိုလိုမူအာနီရဲ့အေးဂျင့်ဖြစ်သူနဲ့စကားပြောဆိုမှုတွေရှိခဲ့ကာ ပီအက်စ်ဂျီအသင်းကိုလည်းချိတ်ဆက်ခဲ့တယ်လို့ Sky Sports Germany သတင်းထောက်ဖလော်ရီယန်ဖလင်တန်ဘာ့ချ်ကသတင်းဖော်ပြခဲ့ပါတယ်။
ဒီတကြိမ်အပြောင်းအရွှေ့အနေနဲ့ကတော့ အငှားဖြစ်နိုင်ချေများပြီး အပြီးသတ်ဝယ်ယူခွင့်လည်းပါရှိနိုင်တယ်လို့ခန့်မှန်းမှုတွေရှိနေပါတယ်။
#ဘောလုံးသတင်းစုံ
