(၁၇) ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်ကို တစ်ပတ်တာ ထပ်မံတိုးမြှင့်ဖွင့်လှစ်

ဇန်နဝါရီ ၁၃

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်လျှက်ရှိသော (၁၇) ကြိမ်မြောက် ပန်းပွဲတော်( Floral Fantasia 2024) ကို သတ်မှတ်ရက်ထက် တစ်ပတ်တာ ထပ်မံတိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၇) ကြိမ်မြောက် ပန်းပွဲတော်( Floral Fantasia 2024) ကို ယခင်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ သတ်မှတ်ကျင်းပခဲ့ရာမှ ယခုအခါ ဇန်နဝါရီ ၁၉ ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်သွားမည်ဟုဆိုသည်။

ယခုကျင်းပလျှက်ရှိသော ပန်းပွဲတော်တွင် ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်း ပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် ၂၀ မှ ၂၅ မျိုး၊ ဒေသပန်းမျိုးစိတ် ၁၅ မျိုးမှ မျိုး ၂၀ စုစုပေါင်းပန်းအရေအတွက် နှစ်သိန်းကျော် စိုက်ပျိုးပြသထားသလို ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image