လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်အနေနဲ့ နောက်ပိုင်းကာလမှာဂိုးမသွင်းယူနိုင်ခဲ့တဲ့ ဒါလ်ဝင်နူးနက်ဇ်ရဲ့စွမ်းဆောင်ရည်ကိုစတင်သဘောမကျဖြစ်လာခဲ့ပြီး အသင်းကနေလက်လွှတ်ဖို့ပြင်ဆင်နေတယ်လို့ခန့်မှန်းရပါတယ်။

ပရီးမီးယားလိဂ်ကလပ်လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်အနေနဲ့ တန်ကြေးမြင့်တိုက်စစ်မှူးဒါလ်ဝင်နူးနက်ဇ်ရဲ့ခြေစွမ်းကိုသဘောမကျဖြစ်နေပြီး နောက်ပိုင်းကာလမှာဂိုးမသွင်းယူနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ကစားသမားကိုအသင်းကနေလက်လွှတ်ဖို့အတွက်အသင်းတိုင်းကမ်းလှမ်းလာတဲ့ကမ်းလှမ်းမှုတွေကိုလက်ခံနားထောင်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ခန့်မှန်းရပါတယ်။

ဒါပေမဲ့လည်းပြီးခဲ့တဲ့ကာလမှာတော့နူးနက်ဇ်အနေနဲ့ ကြိုးကြာနီအသင်းအနေနဲ့ ဒီရာသီကာလမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲစုံ ၂၅ ပွဲဝင်ရောက်ကစားခဲ့ပြီး ပွဲအတွင်းခြေစွမ်းပြဖို့အခွင့်အရေးရခဲ့တဲ့နောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်းအရအထင်ကြီးစရာမရှိခဲ့တာဖြစ်ပါတယ်။

နူးနက်ဇ်ရဲ့စိတ်ပျက်စရာကောင်းတဲ့ခြေစွမ်းတွေကြောင့်စလော့ဒ်အနေနဲ့ ကစားသမားကိုပြတ်သားတဲ့ပြောစကားတွေပေးဖို့ပြင်ဆင်နေပြီး အမြန်ဆုံးပုံစံကောင်းပြန်ရလာစေဖို့ဖြစ်ပါတယ်။ဒီလိုမဟုတ်ဘူးဆိုရင်တော့ နည်းပြအနေနဲ့ ကစားသမားကိုအသင်းကနေလက်လွှတ်ဖို့ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာလည်းနူးနက်ဇ်အနေနဲ့ အီတလီစီးရီးအေလိဂ်ကလပ်နာမည်ကြီးအသင်းအေစီမီလန်အသင်းဆီကနေစိတ်ဝင်စားမှုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ကတော့ နူးနက်ဇ်ကို ဘောနပ်စ်ငွေအပါအဝင် ပြောင်းရွှေ့ကြေးယူရို သန်း ၁၀၀ နဲ့ ၂၀၂၂ နွေရာသီကာလတုန်းကခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ ၃ ရာသီကာလမှာတော့ ကစားသမားအနေနဲ့ ၁၂၁ ပွဲပါဝင်ကစားထားရာမှာ၃၇ ဂိုးသွင်းယူခဲ့ကာ ဘင်ဖီကာမှာကစားတုန်းကထက်လျော့နည်းခဲ့တာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image