အရှေ့တောင်အာရှရဲ့ သက်တမ်းအရှည်ကြာဆုံး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၉ နှစ်ပြည့်ပွဲတော် ကျင်းပမည်

ဇန်နဝါရီ ၁၃

လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျရောက်မယ့်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရဲ့ ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို၊ တိရစ္ဆာန်ဥယျာဉ် အတွင်းမှာ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပျော်ရွှင်စရာအစီအစဉ်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ သက်တမ်းအရှည်ကြာဆုံးဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို ၁၉၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာကြောင့် အခု ၂၀၂၅ ခုနှစ်မှာ ၁၁၉ နှစ်ပြည့်မြောက်မှာပဲ ဖြစ်ပါတယ်။

၁၁၉ နှစ်ပြည့်ပွဲတော်မှာ Music Band & kid's Dance Performance၊ Magic Show အစီအစဉ်၊ ဂျိုကာရဲ့ တစ်ကိုယ်တော် ဖျော်ဖြေတင်ဆက်မှု၊ ဗဟုသုတရဖွယ်ရာ Game အစီအစဥ်တွေမှာ လက်ဆောင်တွေရအောင် ယူကြရင်း ပျော်ရွှင်စရာ အခိုက်အတန့်တွေ၊ ချစ်စရာ တိရစ္ဆာန်လေးတွေရဲ့ ဗဟုသုတရဖွယ်ရာ ဝေမျှပေးသွားမယ့် Talk Show အစီအစဉ်၊ Super Star Music Band ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ ချစ်စရာတိရစ္ဆာန်လိမ္မာလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်တွေ၊ သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဥ်တွေ၊ လက်ဆောင်များစွာ ရယူနိုင်မယ့် အမေးအဖြေကဏ္ဍအပြင်၊ ဈေးရောင်းပွဲလည်း ပါဝင်မှာဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image