ဖားကန့် ရွှံ့နွံ့ကန်ပြိုမှု - ရုပ်အလောင်း ၈ လောင်းတွေ့ထား
ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုထဲက စပေါ့ရွာမှာ ဇန်နဝါရီ ၁၃ ရက် မနက် ၁ နာရီဝန်းကျင်က ကုမ္ပဏီတစ်ခုပိုင်တဲ့ ရွှံ့နွံကန်ပေါက်ကျမှုမှာ သေဆုံး ရုပ်အလောင်း ၈လောင်းကို ပြန်တွေ့ထားတယ်လို့ဒေသတွင်း သတင်းတွေကိုဖော်ပြနေတဲ့ The Kachin Sub-State မီဒီယာက သတင်းဖော်ပြပါတယ်။
နေအိမ် ၅၀ ထက်မနည်းလည်း ရွှံ့နွံတွေအောက် နစ်မြုပ်သွားတယ်လို့ မြေပြင်သတင်း အရင်းအမြစ်တွေက ဘီဘီစီကို အတည်ပြုပြောပါတယ်။
“နွံကန်က ရွာအပေါ်မှာ မိုးထားတာ၊ ပေါက်ကျတော့ တစ်ရွာလုံးအပေါ်ကို ဖုံးသွားတာ” လို့ ဖားကန့်အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အခုအချိန်မှာ ကူညီကယ်ဆယ်ရေးတွေတော့ စတင်နေပြီး နွံထဲမှာ ရုပ်အလောင်းပြန်ရှာဖို့ရှိတယ်လို့လည်း ဖားကန့်မြို့ခံတွေက ပြောပါတယ်။
“အချိန်ကကြာသွားပြီဆိုတော့ တတ်နိုင်သလောက် ရုပ်အလောင်းပြန်ရအောင် နွံထဲကနေပြန်ရှာရမှာ” လို့လည်း ပြောပါတယ်။
ဖားကန်မှာ မြေပြိုကျတာတွေနဲ့ နွံကန် ပေါက်တာတွေ မကြာခဏဖြစ်လေ့ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ရပ် တစ်ခုဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
စပေါ့ကျေးရွာရှိတဲ့ ဆိပ်မူကျေးရွာအုပ်စုမှာ လူဦးရေ ၁ သိန်းကျော်နေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင် စာရင်းအရ သိရပါတယ်။
Credit - BBC Burmese
#သတင်းဟင်းလေးအိုးကြီး
