15 w - Translate

♋️CANCER♋️

💫This is a general reading

အချစ်ရေး/လူမှုရေး/အိမ်ထောင်ရေးမှာ အနည်းငယ်တော့ စိတ်ဖိစီးမှုလေးတွေ ရှိတတ်တဲ့ နှစ်တနှစ်ပါ၊ ဒါပေမယ့် အကြာကြီး ဖြစ်နေမယ့် ပြသနာမျိုးလို့တော့ Phoenix မမြင်ပါဘူး၊ ခဏတဖြုတ် ဖြစ်လာပြီး ပြန်ဖြေရှင်း ပြေလည်သွားတာက ပိုများပါလိမ့်မယ်၊ ကိုယ်က ပုံမှန်ထက်တော့ ပိုပြီး အတွေးလွန်နေတတ်တဲ့ ကာလမျိုးတော့ ဖြစ်တတ်တယ်၊ သံသယတွေလဲ ပိုနေတတ်တယ်၊ ဘယ်သူ့ ဖြစ်ဖြစ် မယုံသလိုမျိုးလေး ရှိတတ်တယ်၊ ဒီနှစ်ထဲမှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး ရွေးချယ်မှုတွေ လုပ်ရ ဆုံးဖြတ်ချက်တွေ ချရတတ်ပါတယ်၊ ဥပမာ ဆက်ဆံရေးတခုနဲ့ ပတ်သတ်ပြီး ပြန်ညှ်ိကြမလား လှည့်ထွက်ဖြစ်မလား ရွေးချယ်ရတာမျိုးရှိတတ်ပါတယ်၊ ဒီနှစ်ထဲမှာက ကိုယ့်အတွက် ကောင်းမွန် သင့်တော်တဲ့အရာတွေ ဘဝ ထဲ ကျန်နေခဲ့ပြီး ကိုယ့်အတွက် မကောင်းတဲ့အရာတွေ လူတွေ ဘဝထဲက ထွက်သွားတတ်ပါတယ်၊ ပိုကောင်းတဲ့ အခြေနေတခု ရလာတတ်ပါတယ်၊ ကံတရားက ဝင်ရောက် အဆုံးအဖြတ်ပေးတတ်တဲ့ နှစ်ပါ

အလုပ်အကိုင်နဲ့ ငွေကြေးမှာ အဆက်အသွယ် အခွင့်အလမ်းလေးတွေတော့ ရလာတတ်တဲ့ နှစ်ပါ၊ ကိုယ့်ဘက်က ကြိုးစားမှုတော့ လိုပါတယ်၊ ကိုယ်က တခုခုဆို အတိတ်က အဆင်မပြေမှုတွေကို ပြန်တွေးပြီး ကြောက်စိတ်ကြောင့် အလုပ်လုပ်တဲ့နေရာမှာ မဝံ့မရဲ ဖြစ်တတ်တာမျိုးပါ၊ တတ်နိုင်သလောက် စိတ်ခံစားချက်တွေနဲ့ အားလျော့မနေဘဲနဲ့ ရှေ့ဆက်သာ ဆက်ကြိုးစားပါ၊ အဆင်ပြေပါလိမ့်မယ်

ပညာရေးမှာ အထူးကောင်းမွန်တဲ့ နှစ်တနှစ် ဖြစ်ပါတယ်၊ အောင်မြင်မှု ရတတ်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တိုးလာမယ်၊ စိတ်ပါလာမယ်၊ နောင်တချိန် အသက်မွေးဝမ်းကြောင်း အတွက် ကိုယ် ဝါသနာပါတဲ့ ပညာနဲ့ ကိုယ့်အတွက် အဆင်ပြေ ငွေရနိုင်မယ် ထင်တဲ့ ပညာ ကြားထဲမှာတော့ ရွေးချယ်ရတာမျိုးတွေ ရှိတတ်ပါတယ်

ကျန်းမာရေးမှာ လိုအပ်တဲ့နေရာ မစား မသုံး ဆေးခန်းမပြဘဲ ခြစ်ကုတ်နေတတ်ပြီး ကိုယ်နဲ့ မတည့်တဲ့ အစားတွေမှ စားမိနေတာမျိုး/ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အမူအကျင့်တွေမှ လုပ်မိနေတာမျိုးတွေ ရှိတတ်တယ်၊ တတ်နိုင်သလောက် ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသုံးပါ၊ သုံးစွဲပါ

Guidance from Universe

1. မိမိ ရဲ့ အားငယ်စိတ် ကြောက်ရွံ့စိတ်တွေကို ကြိုးစားဖယ်ရှားမှသာ မိမိရဲ့ လုပ်ကိုင်နိုင်စွမ်းက ရုပ်လုံးပေါ်လာပါလိမ့်မယ်
2. ကိုယ့်ထက် အတွေ့အကြုံ ရှိသူများထံမှ အကြံညာဏ်/ အကူအညီယူဖို့ မရှက်ပါနဲ့/ ဝန်မလေးပါနဲ့
3. ရွေးချယ်စရာ လမ်းနှစ်မျိုးရှိရင် အကျိူးအကြောင်း အကောင်းအဆိုး သေချာလေ့လာပြီးမှ ရွေးချယ်ပါ၊ အလွယ်လမ်း မလိုက်ပါနဲ့

Lucky numbers: 19,29,40

#2025newyear
#tarot
#cancerzodiac

image