လူသားအစ မြန်မာက ဆိုတာထက်တောင် ဆိုးနေပြီ
--------------------------------------------------------
သိပ္ပံပညာရှင်များသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းခြေရာအုပ်စုတစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၂၀ ကျော်က အသားစားဒိုင်နိုဆောများ ကျန်ရစ်သောခြေရာများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယင်းခြေရာများက အဆိုပါ ရှေးဟောင်းသတ္တဝါများ၏ အုပ်စုလိုက်နေထိုင်သောအလေ့အထများကို အတွင်းကျကျလေ့လာနိုင်ရန် အထောက်အကူပြုလျက်ရှိသည်။ ထိုခြေရာများ တွေ့ရှိသောနေရာသည် ကန်းစုပြည်နယ် ကျင်းယွမ်ခရိုင် ဝူလန်မြို့တွင် တည်ရှိသည်။ သိပ္ပံပညာရှင်များက ၆.၂ စတုရန်းမီတာရှိသော သဲကျောက်အောက်ခံ တောင်စောင်းပေါ်တွင် ခြေချောင်း သုံးချောင်းပါ ခြေရာ ၆၇ ခုထက်မနည်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုသဲကျောက်အရွယ်အစားမှာ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ အရပ်အမြင့်နီးပါးရှိကြောင်း သိရသည်။ (Xinhua)


