မန်ချက်စတာစီးတီးအသင်းနည်းပြပပ်ဂွာဒီယိုလာက အဂ်လန်လက်ရွေးစင်ညာနောက်ခံကစားသမားကိုင်လ်ဝေါ်ကာလ်အနေနဲ့ ဒီဇန်နဝါရီကာလကစားသမားအပြောင်းအရွှေ့စျေးကွက်မှာ အသင်းကနေပြောင်းရွှေ့ထွက်ခွာခွင့်တောင်းခဲ့တယ်လို့အတည်ပြုပြောဆိုခဲ့ပါတယ်။

ဝေါ်လ်ကာလ်ဟာ မန်စီးတီးအသင်းက အိမ်ကွင်းမှာလိဂ်တူးကလပ်ဆဲလ်ဖော့ဒ်အသင်းကို ၈-၀ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာမပါဝင်ခဲ့ဘဲ ဒဏ်ရာပြသနာလည်းမရှိနေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ဝေါ်လ်ကာလ်အနေနဲ့ အသင်းပြောင်းရွှေ့ခွင့်တောင်းခံခဲ့တာကြောင့်သူ့အနေနဲ့ ရှေ့လာမဲ့ပွဲစဉ်တွေမှာကစားသမားရွေးချယ်ရမယ်လို့ ပပ်ကထုတ်ဖော်အတည်ပြုပြောဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်လောက်တုန်းက ကိုင်လ်အနေနဲ့ကစားသမားဘ၀နောက်ဆုံးအချိန်ကာလမှာ တခြားမြေမှာသွားရောက်ကစားဖို့အတွက်ရွေးချယ်ဖို့စဉ်းစားသုံးသပ်ခွင့်တောင်းဆိုခဲ့ပါတယ်။

လက်ရှိသူ့ရဲ့စိတ်ထဲမှာလည်း သူ့အနေနဲ့ တခြားသောအကြောင်းအရင်းတွေနဲ့အတူ နိုင်ငံခြားမှာထွက်ကစားချင်နေပါတယ်။ဒါကြောင့်ကျနော့်အနေနဲ့ ကစားချင်စိတ်ရှိတဲ့တခြားကစားသမားတွေကိုအခွင့်အရေးပေးခဲ့ပါတယ်လို့ ပပ်ကပြောဆိုခဲ့ပါတယ်။

ဝေါ်လ်ကာအနေနဲ့ကတော့ မန်ချက်စတာစီးတီးအသင်းအတွက် ၃၁၉ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၆ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image