အသက် ၉၁ နှစ်ပြည့်တော့မယ့် မိခင်ကြီးဆီ ပြေးလွှားပြုစုကုသိုလ်ယူခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်
သူမရဲ့ မိခင်ဟာ လာမယ့် ဖေဖော်ဝါရီလထဲမှာပဲ အသက် ၉၁ နှစ်ပြည့်တော့မှာပါ။ အလုပ်တွေ မအားလပ်ပေမယ့် သူမအလုပ်တွေပြီးတာနဲ့ မိခင်ကြီးဆီသွားရောက်နှိပ်နယ်ပြုစုမှုတွေ လုပ်ပေးခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ အိပ်ယာပေါ်မှာ အချိန်ပြည့်လှဲနေရသူဖြစ်တာကြောင့် အညောင်းမိမှာစိုးလို့ သမီးတစ်ဦးရဲ့တာဝန်တွေကို ကျေပြွန်အောင် ထမ်းဆောင်ခဲ့တာပါ။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များဟာ မိဘကို ဘုရားနဲ့တစ်ဂိုဏ်းတည်းထား ကိုးကွယ်သူများဖြစ်တာကြောင့် သက်ရှိထင်ရှားရှိနေစဉ် မိဘတွေရဲ့ကျေးဇူးကို နိုင်ရာဆပ်ကြတာဖြစ်ပါတယ်။
#updatenews
