15 ပတ် - ဘာသာပြန်ပါ။

ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံကမ်းခြေ နောက်ဆုံးရ သတင်း

ချောင်းသာ ငွေဆောင် ရွှေသောင်ယံ ဝက်‌ေ-သ သဖော့ကန်ဖက်အသွား ကားလမ်းအား ၁၃.၁.၂၀၂၅ ရက်နေ့နှင့် ၁၅.၁.၂၀၂၅ ရက်နေ့တို့ ၂ ရက် ကားလမ်းပိတ်မည်ဆိုသည်မှာ ကောလဟာလ သတင်းသာဖြစ်ပြီး လက်ရှိ ရွှေသောင်ယံနှင့် ချောင်းသာ ပုသိမ်ရှိ တာဝန်ရှိသူများနှင့် မိတ်ဆွေအပေါင်းအသင်းများအား သေချာစွာမေးမြန်းပြီး ဖြစ်ပါတယ်ဗျာ။
အဆိုပါရက်တွေမှာ ကားလမ်းပိတ်ထားဖို့ ညွှန်ကြားချက် လုံးဝမရှိသေးသလို လက်ရှိအချိန်မှာလည်း လိုင်းကားများ အိမ်စီးကားများ ပုံမှန်သွားလာလျက်ရှိပြီး ချောင်းသာ ငွေဆောင် ရွှေသောင်ယံ ဝက်‌ေ-သ သဖော့ကန် သဲကျင်း ပိုးလောင်း ကျွန်းချောင်း မ-ာ့သ-ာ မီးလောင်ချိုင် တောင်နီမော် ဘေ-ာမိ တလျောက် အခြေအနေ အေးဆေးငြိမ်သက်လျက်ရှိပြီး ပုံမှန်အတိုင်း သွားလာလုပ်ကိုင်လျက်ရှိပါတယ်။ ကြိုရှောင်တဲ့သူတွေလည်း ရှောင်ကြပေမယ့် တစ်ဖက်အဖွဲ့များမှာ မကျီးဇင်ရွာထဲမှ ပြန်လည်ဆုတ်ခွာသွားသည်ဟု မြေပြင်တွင် ရှိနေသူများမှ ကြားသိရပါတယ်။

ချောင်းသာနှင့် ငွေဆောင်ဖက်တွင်လည်း လာရောက်လည်ပတ်သူများရှိသလို ပြန်သွားကြသူများလည်းရှိပြီး အခြေအနေ အေးချမ်းငြိမ်သက်လျက်ရှိပါသည်။ ဟိုတယ်တွေ ပိတ်ခိုင်းနေသည် ဟိုတယ်တွေ ပိတ်မည်ဆိုသည်မှာလည်း သတင်းမမှန်သလို လက်ရှိဖွင့်နေသောဟိုတယ်များ ဒီရက်ပိုင်းမှ ပိတ်လိုက်ခြင်းမရှိသေးပါ။
အခြေအနေ အပြောင်းအလဲနှင့် ထူးခြားမှု ရှိလာပါက အချိန်နှင့် တပြေးညီ သတင်းတင်ပေးပါမယ်ဗျ။

ကိုတိုး
#ချောင်းသာ
#ငွေဆောင်

image