“ကျနော် ဆဲလ်ဖို့ဒ်မှာ နောက်ဆုံး (၈) နှစ်ကြာ နေထိုင်ခဲ့တာပါ။ ဒီတော့ ကျနော့်အတွက်တော့ ဆဲလ်ဖို့ဒ်နဲ့ ရင်ဆိုင်ရတာက အိမ်နီးချင်းနဲ့ ရင်ဆိုင်ရတာမျိုးပါ” လို့ မနေ့က ကစားခဲ့တဲ့ ဆဲလ်ဖို့ဒ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
တကယ်တမ်း ပွဲကစားချိန်မှာတော့ နှစ်သင်းကြား ခြေစွမ်းပိုင်းက ကွာဟချက် ကြီးမားခဲ့ပြီး မန်စီးတီးက ဆဲလ်ဖို့ဒ်ကို (၈) ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ အိမ်နီးချင်းမို့ သက်သက်ညှာညှာ လုပ်ပေးလိုက်တယ်ဆိုပြီးတော့တောင် ပရိသတ်တွေက နောက်ပြောင်နေပါသေးတယ်။
