နေနိုင်သွားတဲ့ အခြေအနေထိ
မရောက်သေးပေမယ့်
နေတတ်လာပါပြီ ။
ဖုန်းတွေ မအားတဲ့အခါ
ကိုယ့်ထက် အရေးကြီးတဲ့ လူတစ်ယောက်နဲ့
စကားတွေ ပြောနေမှာပေါ့ဆိုတဲ့
အမှန်တရားကို
မျက်ရည်မ၀ဲပဲ လက်ခံတတ်လာပါပြီ ။
မီးလေးစိမ်းနေပေမယ့်
ကိုယ့်ဆီ ဘာစာမှ ပို့မလာတဲ့အခါ
အဲ့ဒီ မီးစိမ်းလေးက
ကိုယ့်အတွက်မှ မဟုတ်တာဆိုပြီး
ဖြေတတ်နေပါပြီ ။
နေနိုင်သွားဖို့ဆို
ဒီထက် နည်းနည်းလေးပဲ လိုတော့တာပါ ။
ငိုတဲ့အခါ
မင်းက ပိုကို ပိုလွန်းပါတယ်ဆိုတဲ့
အပြစ်တင်စကားတွေ
စိတ်ပူတဲ့အခါ
မလိုအပ်ပါဘူးဆိုပြီး
လျစ်လျူရှူထားတာမျိုးတွေ
လိုအပ်နေတဲ့အခါ
မျှော်တဲ့သူ မောသွားတဲ့အထိ
ပေါ်မလာတာမျိုးတွေ
လွမ်းတဲ့အခါ
အသံလေးကြားရဖို့
တကူးတက တောင်းဆိုရတာမျိုးတွေ ။
ဒီလောက်ဆို
နေတတ်သွားဖို့ သင့်နေပြီပဲ မဟုတ်လား ။
🤍☘️🍂
#ᗩᒪoᑎᗴ
