27 ပတ် - ဘာသာပြန်ပါ။

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအငှားခေါ်ယူဖို့စိတ်ဝင်စားမှုရှိလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုင်တက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့အေးဂျင့်အဖွဲ့ဟာ အေစီမီလန်အသင်းဆီအငှားပြောင်းရွှေ့ဖို့အတွက်ဖြစ်နိုင်ချေနဲ့ပတ်သက်ပြီးဆွေးနွေးရန်သွားရောက်ခဲ့ပေမဲ့ စပိန်ကလပ်နာမည်ကြီးအသင်းအနေနဲ့ကတော့ သရဲနီအသင်းကိုကစားသမားကိုအလားတူခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုလက်မှတ်ထိုးခေါ်ယူရေးအတွက်ရင်းနှီးမြှုပ်နှံဖို့အဆင်သင့်ဖြစ်နေတယ်လို့ The Mirror သတင်းက ဖော်ပြခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒအနေနဲ့ အိုးထရက်ဖို့ဒ်ကွင်းကနေ ဒီဇန်နဝါရီကာလမှာထွက်ခွာလိမ့်မယ်လို့ခန့်မှန်းရပြီး သူ့အနေဲ့ နည်းပြရူဘင်အာမိုရင်ဝင်ရောက်လာပြီးကတည်းက ပွဲထွက်ကစားခွင့်သိပ်မရခဲ့တာ ဖြစ်ပါတယ်။

သူ့အနေဲ့ အေစီမီလန်အသင်းဆီအငှားသွားရောက်ကစားဖို့ဆွေးနွေးမှုတွေရှိနေပေမဲ့ ဘာစီလိုနာအသင်းကလည်းအဆိုပါကစားသမားကိုခေါ်ယူနိုင်ဖို့မျှော်လင့်နေတဲ့အသင်းဖြစ်နေပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ပါဝင်လာခဲ့ပြီး ၂ ဖက်စလုံးအနေနဲ့ ကနဦးချိတ်ဆက်မှုတွေရှိထားခဲ့ကာ နူးကမ့်ပ်ကွင်းဆီပြောင်းရွှေ့ကစားဖို့ဖြစ်နိုင်ချေအထိရှိနေတယ်လို့ စပိန်သတင်းဌာန SPORT ကဖော်ပြခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image