15 ပတ် - ဘာသာပြန်ပါ။

ငါးသလောက်ပိဿာချိန် (၈၂၀၀၀)ကို ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချခဲ့

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ငါးသလောက်ပိဿာချိန် (၈၂၀၀ ၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါဒေသမှ ငါးသလောက်များကို နိုဝင်ဘာလအတွင်း ငါးသလောက် ပိဿာချိန် (၆၄၀၀၀) ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလတွင် အဝယ်လိုက်ခြင်းကြောင့် ပိုမို‌တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ငါးသလောက်ဈေးနှုန်းသည် လတ်ဆက်မှုနှင့်အရွယ်အစား အလေးချိန်အပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိကြောင်း လက်ရှိတွင်လည်း ငါးသလောက်များအဝယ်လို က်နေသလို ရန်ကုန်ဈေးကွက်အပြင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ငါးသလောက်အသေး တစ်ပိဿာလျှင် ငွေကျပ် (၁၈၅၀၀)၊ အလတ် တစ်ပိဿာလျှင် ငွေကျပ် (၂၇၀၀၀) မှ (၃၅၅၀၀)၊ အကြီး တစ်ပိဿာလျှင် ငွေကျပ် (၅၅၀၀၀) မှ (၇၅၀၀၀) ထိ အရွယ်အစားအပေါ်မူတည်ကာ ဈေးကွက်အပြောင်းအလဲရှိကြောင်း သိရသည်။

image