1 y - Translate

ကြက်အရေခွံ ကြော်နည်း
အရေခွံကို အရသာနယ် ဆီနည်းနည်းပဲထည့် ဆီပူရင်အရေခွံတွေထည့်ရေလေးနည်းနည်းထည့်အုပ်ထား ရေခမ်းရင်ဆီထွက်လာလိမ့်မယ်သူ့ဆီလေးနဲ့ ကြွပ်အောင်ကြော်လိုက် ရပါပြီ...
.................................................
အလွယ်ဆုံးနည်းက ရေစင်အောင်ဆေး ပြီးအရေခွံမြုပ်ရုံရေထည့် ဆား အချိုမုန်အနည်းငယ်ထည့်ရေဆူပြီး3မိနစ်လောက်ထားပြီးအိုးပြန်ချရေသွန် ရေစစ် အအေးခံထား ပူပူနဲ့ကြော်ရင်ပျော့ပြဲပူးကပ်သွားလို့ပါ။ အေးပြီးအဆင်သင့်ဖြစ်ပြီဆိုကြက်သားမှုန်သင့်တော်ယုံထည့် ဆီနည်းနည်းနဲ့ပြန်ကြော်ပါ သူဖာသာသူဆီထပ်ထွက်ပါတယ်။ တစ်ဖက်နည်းနည်းကြွပ်လာရင်တစ်ဖက်လှန်နဲ့ ကြွပ်ရွတဲ့ အရေခွံကြော်ရပါပြီ။
ဆားအရသာမှုန့် ချင်းအရည်လေးညှစ်ထည့်ပြီး
သာကူမှုန့်/ကော်မှုန့်ပါးပါးလေးကပ်ပြီးကြော်ပါ
မီးအေးအေးနဲ့ကြော်ပါခင်ဗျာ...
ကြက်အရေခွံဆေးတဲ့အခါ
ပဲအကြက်မှုန့်လေးနဲ့နာနာနယ်
ပြီးရေသုံးခါလောက်ပြန်ဆေးပါ။
ဆေးကြောသန့်စင်ပြီးသွားတဲ့
ကြက်အရေခွံကို အသားမှုန့် ,
ဆနွင်းမှုန့်နဲနဲ , ဆား , ငရုပ်ကောင်းမှုန့် ,
ကြက်ဥ တစ်လုံး , မွှေးအကြော်မှုန့်
ထည့်ပြီးအားလုံးရောနယ်ခဏနှပ်
ထားပါ။ပြီးရင် ဆီပူပူအိုးထဲကို
တစ်ခုခြင်းစီမကပ်အောင်ထည့်ကြော်။
ကြွတ်နေအောင်ကြော်ပါ။
အရသာရှိတဲ့ကြက်အရေခွံကြော်
လေးရမှာပါ။

image