16 ပတ် - ဘာသာပြန်ပါ။

အဂ်လန်ပရီးမီးယားလိဂ်နာမည်ကြီးကလပ်အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းရဲ့အသက် ၂၅ နှစ်အရွယ်ကင်းမရွန်းတိုက်စစ်မှူး ဘရီယော့င် အမ်ဘေဝ်မိုကိုနွေရာသီကာလမှာအသင်းဆီခေါ်ယူအားဖြည့်ဖို့စိတ်ဝင်စားနေတယ်လို့သတင်းတွေက ဖော်ပြကြပါတယ်။

ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး ဘရီယော့အမ်ဘေဝ်မိုဟာ အသင်းတိုက်စစ်ပိုင်းအင်အားတောင့်တင်းဖို့အတွက်နွေရာသီကာလမှာ အာဆင်နယ်အသင်းကအသင်းဆီခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ကစားသမားတယောက်ဖြစ်တယ်လို့ စကိုင်းဂျာမနီရဲ့နာမည်ကြီးသတင်းထောက် ဖရော်လီယန်ဖလင်တန်ဘာ့ချ်က ဖော်ပြခဲ့ပါတယ်။

ဘရီယော့အမ်ဘေဝ်မိုဟာ ဘရန့်ဖို့ဒ်အသင်းအနေနဲ့ ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးပြီး အဆိုပါအသက် ၂၅ နှစ်အရွယ်ကစားသမားအနေနဲ့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ပြီးနောက် ၁၃ ဂိုးသွင်းယူထားကာ ၃ ဂိုးဖန်တီးထားနိုင်ခဲ့တာကြောင့်သူ့အနေနဲ့ကလပ်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ဘရန့်ဖို့ဒ်အသင်းဟာ ပွဲပေါင်း ၂၀ ကစားထားရာမှာ ရမှတ် ၂၇ မှတ်နဲ့အတူ အဆင့် ၁၁ နေရာမှာရပ်တည်နေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာမှာရပ်တည်နေတဲ့အာဆင်နယ်အသင်းကတော့ ရမှတ် ၄၀ ရရှိထားတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image