16 ပတ် - ဘာသာပြန်ပါ။

သရဲနီအသင်းဟာ ဒီဇန်နဝါရီကာလကစားသမားအပြောင်းအရွှေ့စျေးကွက်မှာ အသင်းဆီခေါ်ယူအားဖြည့်ချင်နေပြီး သူတို့အသင်းအနေနဲ့ အသင်းကနေကစားသမားတွေကိုအရင်လက်လွှတ်ဖို့လိုအပ်နေတာကြောင့်ငွေကြေးစည်းမျဉ်းတွေအတိုင်းအသင်းဆီကစားသမားခေါ်ယူအားဖြည့်ရာမှာ ငွေကြေးရှိလာစေမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ကော့ဘ်ဘီးမိုင်နူနဲ့ အဲလက်ဟန်ဒရိုဂါလ်နာချိုကိုရောင်းချဖို့စဉ်းစားသုံးသပ်နေပြီး အဆိုပါကစားသမား ၂ ယောက်စလုံးဟာ တကယ်လို့အသင်းကနေလက်လွှတ်ခဲ့မယ်ဆိုရင်ငွေကြေးစည်းမျဉ်းတွေအတိုင်းလုပ်ဆောင်ဖို့အတွက်အသင်းကိုအကူအညီဖြစ်စေလိမ့်မှာဖြစ်တယ်လို့ The Athletic ထိပ်တန်းသတင်းထောက် ဒေးဗစ်အော်စတင်ကဖော်ပြခဲ့ပါတယ်။

သရဲနီအသင်းအနေနဲ့ ပြိုင်ဘက်အသင်းတွေကိုအမှန်တကယ်ရှာဖွေတာမျိုးမဟုတ်ပေမဲ့ သူတို့ရဲ့အမှန်တကယ်ဖြစ်နိုင်ချေကတော့ တကယ်လို့သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးရောက်လာခဲ့မယ်ဆိုရင် အဆိုပါကစားသမား ၂ယောက်စလုံးကိုလက်လွှတ်ဖို့အခွင့်အရေးရှိနေပါတယ်လို့ အဆိုပါသတင်းကဖြည့်စွက်ဖော်ပြပါတယ်။

ဒါပေမဲ့လည်းအဆိုပါကစားသမား ၂ ယောက်စလုံးဟာအသင်းရဲ့လူငယ်ကစားသမားတွေဖြစ်ပြီး တကယ်လို့လက်လွှတ်ခဲ့မယ်ဆိုရင် ကလပ်အသင်းကို ရာနှုန်းပြည့်ငွေပြန်လည်ဝင်ရောက်လာမှာဖြစ်တာကြောင့်ငွေကြေးပိုင်းဆိုင်ရာအပေါ်အကျိုးသက်ရောက်မှုရှိစေပါလိမ့်မယ်။ဒီဟာကလည်း အဆိုပါကစားသမား ၂ ယောက်စလုံးဟာ ထိတွေ့လိုမရတဲ့အနေအထားမှာမရှိတာကြောင့်လည်းဖြစ်ပါတယ်။

မိုင်နူရဲ့စာချုပ်သက်တမ်းအနေအထားအရလည်း နောက်ထပ် ၁၂ လသက်တမ်းတိုးခွင့်အပါအဝင် ၂၀၂၇ ခုနှစ်နွေရာသီကာလမှာကုန်ဆုံးမဲ့စာချုပ်မှာစာချုပ်သစ်ချုပ်ဆိုဖို့တိုးတက်မှုမရှိလာသေးဘဲ ဂါလ်နာချိုအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းကမှစာချုပ်သစ်သက်တမ်းတိုးခဲ့ပြီးနောက် ၂၀၂၈ ခုနှစ်အထိသာစာချုပ်သက်တမ်းကျန်ရှိတော့တာဖြစ်ပါတယ်။
 
#ဘောလုံးပွဲသတင်းစုံ

image