16 ပတ် - ဘာသာပြန်ပါ။

နေဝင်းပြောတဲ့ အစတွေကိုလုံးဝမမေ့ဘူးနဲ့
အဆင်မပြေခဲ့တဲ့နေ့တွေကို လုံးဝမမေ့ဘူးဆိုတဲ့
စကားကြီးက တကယ်ထိတာနော်။

သမီးရည်းစားတွေ လမ်းခွဲခြင်း
အိမ်ထောင်ရေး ပြိုကွဲခြင်းတွေက
အစတွေနဲ့ အဆင်မပြေခဲ့တဲ့ အချိန်တွေကို
ဘယ်သူနဲ့ရှိခဲ့တယ်ဆိုတာ မေ့သွားကြလို့ပဲ။

ငါဘယ်သူနဲ့ စတင်တယ်
ငါဘယ်လိုအဆင်မပြေခဲ့တယ်ဆိုတာ
မေ့သွားတဲ့တစ်နေ့ ကျွန်တော်တို့ရဲ့ဘေးမှာ
လူသစ်တစ်ယောက်ကိုထားဖို့ ဝန်မလေးကြတော့ဘူး။

အဲ့တော့ စတင်ခဲ့တဲ့ အချိန်နဲ့
အဆင်မပြေခဲ့တဲ့အချိန်တွေမှာ
အနားမှာရှိပေးခဲ့တဲ့သူကို မမေ့အောင်ကြိုးစားရမယ်။

image