16 w - Translate

ကံကောင်းရုပ်ရှင်ဇာတ်ကား ကိုရီးယား Suwon International Film Festival 2025 တွင် ဆန်ကာတင် ရွေးချယ်ခံရ
---------------
မြန်မာနိုင်ငံက “ကံကောင်း” ရုပ်ရှင်ဇာတ်ကားဟာ ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 (International Feature Film)မှာ ဆန်ကာတင်အဆင့်ထိ ရွေးချယ်ခံထားရတယ်လို့ သိရပါတယ်။ လာမယ့် ဇန်နဝါရီ ၁၉ ရက်မှာတော့ Suwon International Film Festival 2025 ရဲ့ Final ပွဲကြီးမှာ ဆုရရှိတဲ့ ဇာတ်ကားတွေကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းသား ပိုင်တံခွန် နဲ့ ခွေးလိမ္မာလေး ကံကောင်းတို့ရဲ့ ၅၂၈ မေတ္တာကို အခြေခံရိုက်ကူးထားတဲ့ “ကံကောင်း” ရုပ်ရှင် ဇာတ်ကားကိုတော့ ခတ္ထိယရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော် ရိုက် ကူးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ခတ္ထိယ ရုပ်ရှင်ထုတ်လုပ်ရေးက “ကံကောင်း” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဓာတ်ပုံဆုကို ဝင်းလွင်ထက်နဲ့ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆုကို ကောင်းဆက်ပိုင် (ဂီတမြို့) တို့က အကယ်ဒမီဆု အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါ့အပြင် ကံကောင်းရုပ်ရှင်ဇာတ်ကားဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လကလည်း SEA International Film Festival 2024 မှာ Best Producer Award ၊ Best Director Award နဲ့ Best Actor Award ဆုတွေ ရရှိခဲ့ပါသေးတယ်။

image