ဒေလီရဲ့ လေထုညစ်ညမ်းမှု သတ်မှတ်အဆင့်ထက် ၂၅ ဆကျော်လာ

ဒေလီ၊ ဇန်နဝါရီ ၁၀

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ မီးခိုးမြူတွေနဲ့ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် လေယာဉ်ခရီးစဉ် ၁၅၀ ကျော်ကို ဖျက်သိမ်းပြီး စာသင်ကျောင်းတွေကိုလည်း အွန်လိုင်းစနစ်ပြောင်းလဲ သင်ကြားနေပါတယ်။

ဒီကနေ့မနက် အစောပိုင်းမှာတော့ မီးခိုးမြူတွေကြောင့် နေရာအနှံ့အပြားမှာ မြင်ကွင်းမရှင်းဖြစ်ပြီး မော်တော်ယာဉ်မောင်းနှင်မှု၊ ရထားပြေးဆွဲမှု ဒါဇင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရာကာ လမ်းပန်းဆက်သွယ်ရေးတွေ အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။

ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအကြား အပူချိန်နိမ့်ကျတဲ့ ဆောင်းရာသီမှာ အိန္ဒိယမြောက်ပိုင်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ပြသနာတရပ်ဖြစ်ပါတယ်။ ဒေလီရဲ့ လေထုအရေအသွေးညွှန်းကိန်းမှာ နေရာအများအပြားမှာ ၄၀၀ ကျော်ထိရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေးကင်းကြောင်း သတ်မှတ်ထားတာထက် ၂၅ ဆများနေပါတယ်။

မြို့အာဏာပိုင်တွေကတော့ ဆောက်လုပ်ရေးနဲ့ ဖြိုဖျက်ရေး လုပ်ငန်းတွေကို လက်ရှိကာလမှ တားမြစ်ထားပါတယ်။ ယခုသီတင်းပတ်ကုန်ပိုင်းမှာ မိုးအနည်းငယ်ရွာနိုင်တာကြောင့် မြူတွေလျော့ပါးသွားနိုင်တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။

အိန္ဒိယနိုင်ငံ ဒေလီမြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့များ စာရင်းမှာပါဝင်နေပြီး ဆောင်းရာသီ လေတိုက်နှုန်းနည်းပါးခြင်း၊ အနီးနားပြည်နယ်တွေမှာ ကောက်ပဲသီးနှံမီးရှို့မှုတွေနဲ့ မော်တော်ယာဉ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကြောင့် ဆောင်ရာသီရောက်တိုင်း လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလေ့ရှိပါတယ်။

Ref:BBC
Photo:AFP

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage