အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာက ဂန်းနားအသင်းဟာ ပွဲရလဒ်ကလွဲပြီးအဘက်ဘက်မှာပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး တိကျမှုမရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဆင့်မှာ နယူးကာဆယ်အသင်းကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် ဂါဘရီရယ်လ်မာတင်နယ်လီရဲ့ကန်သွင်းချက်ဟာ စိတ်ပျက်စရာနဲ့တိုင်ထိခဲ့ရတာဖြစ်ပါတယ်။

ငါတို့ဟာအဘက်ဘက်မှာကောင်းမွန်တဲ့အသင်းဖြစ်ပြီး တိကျမှုသေချာမှုမရှိတာကလွဲပြီးပါ။သူတို့အသင်းအနေနဲ့ ၂ ဂိုးသွင်းနိုင်ခဲ့တာဟာ ပွဲရဲ့အကြီးမားဆုံးကွာခြားမှုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ငါတို့အနေနဲ့ ဒီပွဲစဉ်ကိုအနိုင်ရယူခဲ့တဲ့သူတို့ကိုအသိအမှတ်ပြုချီးကျူးရပါမယ်။
ငါတို့အခွင့်အရေးတွေလွဲချော်ခဲ့ပြီးဂိုးပေးရတဲ့အခါမှာတော့ ဒီဟာက ခက်ခဲတဲ့ကိစ္စတွေဖြစ်ပါတယ်။ငါတို့အခွင့်အရေးကြိမ်ဖန်များစွာဖန်တီးနိုင်ခဲ့ပေမဲ့ ငါတို့အနေနဲ့ဒီထက်ပိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေရှိရပါမယ်။ဒီလိုမျိုးဆီမီးဖိုင်နယ်အဆင့်မှာတော့မင်းအနေနဲ့ပိုပြီးတိကျပြတ်သားမှုရှိရပါမယ်လို့ အာတီတာကပြောဆိုခဲ့ပါတယ်။

ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ နယူးကာဆယ်အသင်းရဲ့ စိန့်ဂျိမ်းပါ့ခ်ကွင်းမှာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာပြန်ကစားရမှာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image