16 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့တွင် ခြင်ဆေးခွေမီးမှတစ်ဆင့် အိပ်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ ပုသိမ်ညွှန့် (၂) လမ်းတွင် ခြင်ဆေးခွေမီးမှတစ်ဆင့် အိပ်ခန်းတစ်ခန်းမီးလောင်မူဖြစ်ပွားကြောင်း သိရသည်။

ဇန်နဝါရီလ ၉ ရက် ည ၈ နာရီ ၂၅ မိနစ်အချိန်တွင် မီးလောင်းမူဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များနှင့်အတူ ဒေသခံလူမှုကူညီရေးအသင်းများမှ စုပေါင်း၍ မီးငြိမ်းသတ်ရာ ည ၈ နာရီ ၂၈ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“အိမ်သားတွေ မရှိတဲ့အချိန် ဖြစ်တာ။ လုံးခြင်းမြေညီထပ်။ အတွင်းအိပ်ခန်းပဲလောင်တာ။ စစ်ဆေးကြည့်တော့ ခြင်ဆေးခွေကနေလောင်တာ” လို့ မြေပြင်အား မီးသွားရောက်ငြှိမ်းသတ်သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ( ၅) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် လျှပ်စစ်ဒယ်နီအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်ရာအမျိုးသမီးတစ်ဦး သေဆုံးသလို လူနေအဆောင်များလည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

Photo – Credit

#centralnewsnaypyitaw

image
image
image
image