16 ပတ် - ဘာသာပြန်ပါ။

ဦးစားမပေးနိုင်ရင်
အိမ်ထောင်မပြုနဲ့
လင်မယားရယ်လို့ဖြစ်လာရင်
နောက်ဆုံးအချိန်မှာ (at the end of the day)ကိုယ့်အနားမှာကျန်ခဲ့မှာ
ကိုယ့်လင်၊ကိုယ့်မယားပဲ။
အပေါင်းအသင်းတွေဆိုတာလည်း
ဘယ်လောက်ချစ်ချစ်သူတို့ဘဝနဲ့သူတို့။
ဘယ်သူတွေဘယ်လောက်ကောင်းကောင်း
ဘဝနေဝင်ချိန်ကိုယ့်အနားကျန်ခဲ့မယ့်လူက
ကိုယ့်အိမ်ထောင်ဖက်ပဲ
တချို့က သန်တုန်း၊မြန်တုန်း၊ငယ်တုန်းမှာ အိမ်ထောင်ဖက်ထက်
အပေါင်းအသင်းကို ပိုအားသာတယ်။
ပိုဦးစားပေးတယ်။
အိမ်ထောင်ဖက်က မခံနိုင်လို့ လမ်းခွဲသွားတယ်။
အဲလိုလူတွေ နောက်ဆုံးကျ
အိုမင်းမစွမ်းဖြစ်တဲ့အချိန်ကျမှ
နောင်တရလိမ့်မယ်။
နေဝင်ချိန်မှာ ကိုယ့်လက်လေးကိုတွဲပြီး
လမ်းလျှောက်ပေးနိုင်မယ့်၊
အဘိုးကြီးမတည့်တာတွေစားပြန်ပြီလား"လို့ ဆူပေးမယ့်၊"အဘွားကြီး သွေးတိုးနေတာလား " လို့ နဖူးလေးလာစမ်းပေးမယ့် ကိုယ့် အိမ်ထောင်ဖက်( partner) သည်သာ ကိုယ့်အဖော်အစစ်ဖြစ်တယ်။
That's right.
အဲလိုမှ ဦးစားမပေးနိုင်ရင် အိမ်ထောင်မပြုနဲ့။
အိမ်ထောင်ပြုခြင်း (Marriage) ဆိုတာ အပြန်အလှန် စောင့်ရှောက်ရမယ့် တစ်ဘဝစာ (Ultimate bond) တစ်ခုဖြစ်တယ်။

image