16 ပတ် - ဘာသာပြန်ပါ။

စူပါဖလားဗိုလ်လုပွဲကို ခန့်မန်းရန်ခက်ခဲကြောင်း အန်ဆလော့တီ ပြော
------------------------
ဘာစီလိုနာအသင်းနဲ့ ကစားရမယ့် စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘယ်အသင်းအနိုင်ရမယ်ဆိုတာ ခန့်မှန်းရခက်တယ် လို့ ရီးရဲလ်နည်းပြ အန်ဆလော့တီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ကြာသပတေး ညက ကစားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ မာယော့ကာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်လာ နိုင်ခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေ ညမှာ ကစားမယ့် စပိန်စူပါဖလား ဗိုလ်လုပွဲမှာတော့ ရီးရဲလ်အသင်းဟာ အစဉ်အလာပြိုင်ဘက် ဘာစီ လိုနာအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ဘီလ်ဘာအိုအသင်း ကို ၂ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့ အယ်လ်ကလက်စီကို ပွဲတိုင်းက အမြဲတမ်း ခက်ခဲခဲ့သလို ရီးရဲလ်ကတော့ ဘာစီလိုနာ ထက် ပိုကောင်းတယ်ဆိုတာကို သက်သေပြနိုင်ဖို့ ကြိုးစားသွားမှာပါလို့ ရီးရဲလ်နည်းပြ အန်ဆလော့တီက ပြောခဲ့ ပါတယ်။

ပြီးခဲ့တဲ့နှစ် စူပါဖလားဗိုလ်လုပွဲတုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ ဆုံတွေ့ခဲ့ရာမှာ ရီးရဲလ်အသင်းက ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားပေမဲ့ အခုရာသီ လာလီဂါ ပထမအကျော့ပွဲအဖြစ် ဘာနေဗျူးကွင်းမှာ ဘာစီလိုနာ အသင်းက ရီးရဲလ်အသင်းကို ၄ ဂိုးပြတ်နဲ့ ပြန်ပြီးအနိုင်ရထားတာဖြစ်ပါတယ်။

image