16 w - Translate

MA (2019)

မက်ဂီ ဆိုတဲ့ကောင်မလေးက သူ့အဖေနဲ့အိမ်ထောင်ကွဲလာတဲ့ မိခင်နဲ့အတူ မြိုကိုခုမှပြောင်းလာတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ပါကျောင်းပြောင်းလာတဲ့ မက်ဂီဟာ လူသစ်ဆိုပေမယ့် ဖော်ရွေတတ်တဲ့ မြိုခံကျောင်းသားတွေနဲ့ အချိန်တိုအတွင်းပဲ ရင်းနှီးသွားကြပါတယ်…

တစ်နေ့မှာတော့ ၁၈ နှစ်မပြည့်သေးလို အရက်ဘီယာဝယ်မရသေးတဲ့ သူတိုကို ကူညီဝယ်ယူပေးခဲ့တဲ့ မိန်းမကြီးတစ်ယောက်နဲ့ ရင်းနှီးသွားခဲ့ကြပါတယ်...ပြီးတော့ ခိုးကြောင်ခိုးဝှက် ရဲတွေမမြင်အောင် အရက်သောက်နိုင်ဖို အဲ့ဒီမိန်းမကြီးက သူ့ရဲ့မြေအောက်ခန်းကို အသုံးပြုခွင့်ပေးပြီး ကူညီခဲ့ပါတယ်…ကားမောင်းမယ့်တစ်ယောက်က မူးအောင်မသောက်နဲ့ ..မဆဲနဲ့…ပြီးတော့အပေါ်ထပ်ကိုတက်မလာနဲ့ စတဲ့ စည်းကမ်းချက်လေးတွေတော့ လိုက်နာရတာပေါ့နော်..ဒီမိန်းမကြီးရဲ့အတိတ်တွေက ဘယ်လိုရှိမလဲ…သူ့အကြောင်းတွေကို သိထားသင့်လား…ဒါပေါ့ ကိုယ်မရင်းနှီးတဲ့လူတစ်ယောက်ရဲ့အကြောင်းကို သိထားတော့ပိုကောင်းတာပေါ့…ဒါပေမယ့် ဒီလူငယ်လေးတွေကတော့ သိမထားခဲ့ကြပါဘူး သူ့ကိုယ်သူ Ma (အမေကြီး) လိုခေါ်တဲ့...
ဘာတွေဘယ်လိုဆက်ဖြစ်သွားမလဲ ma(အမေကြီး)ကရောဘာရည်ရွယ်ချက်ကြောင့် လူငယ်လေးတွေစီချင်းကပ်ရတာလဲဆိုတာ စိတ်ဝင်စားစရာအပြည့်နဲ့မို့ ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။
#horror

image