16 ပတ် - ဘာသာပြန်ပါ။

ဆီကြိတ်စက် (၅၀၀၀)ဝန်းကျင်ရှိလာပြီဖြစ်၍ ဆီတင်သွင်းရန်မလိုဟုဆို

ဇန်နဝါရီ ၉

မြန်မာနိုင်ငံ၌ စားသုံးဆီထုတ်လုပ်သည့် ဆီစက်ပေါင်း (၅၀ဝဝ) ဝန်းကျင်အထိရှိလာပြီး ပြည်ပ မှတင်သွင်းရန် မလိုအပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။

မြန်မာပြည်တွင်းဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲနှင့် အခြားသီးနှံများ ကြိတ်ခွဲ ထုတ်လုပ်သည့်ဆီစက်ရုံများ တိုးတက်များပြားလာခြင်း‌ကြောင့် ပြည်ပမှတင်သွင်းနေရသော စားသုံးဆီပမာဏကို အစားထိုးနိုင်မည်ဟု သိရသည်။ ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်သည့် ဆီစက်ပေါင်း (၅၀ဝဝ) ဝန်းကျင်အထိရှိလာပြီး လည်ပတ်မှု (၈၅) ရာခိုင်နှုန်းအထိရှိနေကာ ပြည်ပမှတင်သွင်းရန်မလိုအပ်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နှင့် စားသုံးဆီ ဈေး ရောင်းပွဲတော်များကိုပါကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှသိရသည်။

“ပြည်တွင်းမှာလိုအပ်နေတဲ့ စားသုံးဆီ ပမာဏကို နိုင်ငံခြားကနေ မတင်သွင်းဘဲ ပြည်တွင်းမှာတင် စိုက်ပျိုးထုတ်လုပ်လို့ရနေပြီဆိုတဲ့ Message ကိုပေးလိုပါတယ်။ ဒီအခြေအနေကိုသာ မှန်မှန်ကန်ကန်၊ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံအတွက်ရော စားသုံးသူတွေအတွက်ပါ အကျိုးရှိပါတယ်”ဟု မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်း၌ထုတ်လုပ်ဖြန့်ချိသော စားသုံးဆီများကို လုံလောက်စွာ စတင်ဖြန့်ချိရောင်းချနေပြီ ဖြစ်ပြီး စားသုံးဆီများကို ဈေးရောင်းပွဲတော်တစ်ရပ်ကျင်းပပြီး ရောင်းချသွားမည်ဟု သိရသည်။ “ပြည်တွင်းကပြည်သူတွေ ပြည့်ဝဆီကို အလွန်အကျွံစားသုံးနေမယ့်အစား မပြည့်ဝဆီဖြစ်တဲ့ ပြည်တွင်းမှ ထုတ်လုပ်ထားတဲ့ မြေပဲ၊ နှမ်း၊ နေကြာဆီတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးချင်တဲ့ဆန္ဒကြောင့် ဒီဈေးရောင်းပွဲတော်ကို ကျင်းပပေးခြင်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းကကြီးမှူးကာ (၂၀၂၅) ခုနှစ် ပြည်တွင်းဆီဖူလုံမှု ပြယုဂ်အဖြစ် ပြည်တွင်းဆီစက်များ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ (၄) ရက်မှ (၆) ရက်အထိ (၃) ရက်တိုင်ကျင်းပခဲ့ကြောင်း သိရသည်။ ဈေးပွဲတော်ကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI)၌ ကျင်းပခဲ့ပြီး ပြည်တွင်းမှထုတ်လုပ်သည့် မြေပဲ၊ နှမ်း၊ နေကြာစသော စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

မြေပဲဆီများကို တစ်ပိဿာ (၁၇၀ဝဝ)ကျပ်နှုန်းဖြင့် (၅၀) သား၊ (၁) ပိဿာ၊ (၅) ပိဿာ၊ (၁၀) ပိဿာ စသည့် ပမာဏ အတိုင်းအတာပါရှိသည့် ဘူးများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

#centralnewsnaypyitaw

image