18 ပတ် - ဘာသာပြန်ပါ။

ပူတင်နဲ့တွေ့ဆုံဖို့ စီစဉ်နေကြောင်း ဒေါ်နယ်ထရမ့်ပြော

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေကြောင်း အမေရိကန်ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထ ရမ့်က ဇန်နဝါရီ ၉ ရက်နေ့က ပြောကြားလိုက်ပေမဲ့ အချိန်ဇယားအတိအကျကိုတော့ ရီပတ်ဘလီကန်ပါတီက ပြောဆိုခြင်းမရှိပါဘူး။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ အိမ်ဖြူတော်ကို ထရမ့်ပြန်လည်ရောက်ရှိလာမှာဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက တည်းက စတင်ဖြစ်ပွားခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ သံတမန်ဆုံးဖြတ်ချက်တစ်ခုထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမဲ့ စစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရာမှာ ယူကရိန်းဘက်က မမျှမတ တန်ဖိုးကြီးကြီးပေးလိုက်ရမှာ ကိုလည်း ယူကရိန်းနိုင်ငံမှာ စိုးရိမ်ပူပန်နေကြပါတယ်။

အကြံပေးပုဂ္ဂိုလ်တွေက စစ်ပွဲရပ်ဆိုင်းဖို့ ထရမ့်ကိုတင်ပြခဲ့တဲ့ အဆိုပြုချက်တွေထဲမှာ အနာဂတ်ကာလမှာ ရုရှားက ထိန်း ချုပ်အုပ်ချုပ်နိုင်ဖို့အတွက် ရုရှားလက်ထဲကို ယူကရိန်းနယ်မြေအစိတ်အပိုင်း အတော်များများ ပေးလိုက်ရမယ့် အဆိုပြု ချက်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

“သူက တွေ့ချင်နေပါတယ်။ ကျွန်တော်တို့ တွေ့ဆုံနိုင်ဖို့ စီစဉ်နေပါတယ်။” လို့ ဖလော်ရီဒါ ပမ်းလ်ကမ်းခြေက မာအေလာ ဂိုမှာ ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံစဉ် ထရမ့်က ပြောပါတယ်။

“သမ္မတပူတင် ကျွန်တော်နဲ့ တွေ့ချင်နေပါတယ်။ ကျွန်တော်တို့ ဒီစစ်ပွဲကို ရပ်တန့်ဖို့ လိုပါတယ်။ ဒါဟာ သွေးစွန်းတဲ့ က မောက်ကမအခြေအနေကြီးပါ။” လို့ ထရမ့်က ပြောပါတယ်။

ယူကရိန်းကို ရုရှားက စတင်ကျူးကျော်တိုက်ခိုက်ခဲ့ကတည်းက ဒီမိုကရက်သမ္မတဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန် အစိုးရဟာ လုံခြုံရေးအကူအညီ ဒေါ်လာ ဘီလျံ ၆၀ အပါအဝင် ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁၇၅ ဘီလျံကျော် ထောက်ပံ့ကူညီခဲ့ပါတယ်။

ဒါပေမဲ့ စစ်ပွဲကို အဆုံးသတ်ချင်နေတဲ့ ဒေါ်နယ်ထရမ့်တက်လာတဲ့အချိန်မှာတော့ ယူကရိန်းအတွက် စစ်ရေးအထောက် အပံ့တွေ ဆက်လက်ရရှိဖို့ မသေချာတော့ပါဘူး။

နှစ်နိုင်ငံခေါင်းဆောင်တွေ ဆက်သွယ်ဖို့အတွက် ထရမ့်ရဲ့ဆန္ဒကို ပူတင်က ကြိုဆိုလိုက်ပေမဲ့ ဒီကနေ့အချိန်အထိတော့ တရားဝင်မေတ္တာရပ်ခံတောင်းဆိုလာတာမျိုး မရှိသေးဘူးလို့ ကရင်မလင်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ် က ကြာသပတေးနေ့ အစောပိုင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထရမ့် တရားဝင်စတင်တာဝန်ထမ်းဆောင်တဲ့အချိန်အထိ စောင့်ဆိုင်းလိုက်တာက ပိုမိုသင့်လျော် မှာဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောပါတယ်။

Ref: Trump says Putin wants to meet him; meeting being set up

#peoplemedia

image