“ကံကောင်း” ရုပ်ရှင်ဇာတ်ကားကြီးက ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 မှာ Nominee အဆင့်ထိ ရွေးချယ်ခြင်းခံရ

ဇန်နဝါရီ ၁၀

မင်းသားပိုင်တံခွန်နဲ့ တိရစ္ဆာန်လေး တစ်ကောင်ရဲ့ ၅၂၈ မေတ္တာကို အခြေခံရိုက်ကူးထားတဲ့ “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကြီးက ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 (International Feature Film) မှာ Nominee အဆင့်ထိ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

“ကံကောင်း ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 Nominee အဆင့်ထိ ရွေးချယ်ခံရပြီး Winner ဖြစ်ဖို့ ဆက်လက်ရင်ခုန် မျှော်လင့်မိပါတယ်” လို့ ဒါရိုက်တာဝင်းလွင်ထက်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားနဲ့ အခြားဇာတ်ကားတွေကိုတော့ ဆုချီးမြှင့်ဖို့ အခုလာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ Suwon International Film Festival 2025 (International Feature Film) Final ပွဲကြီးမှာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ကံကောင်းရုပ်ရှင်ဇာတ်ကားက ၂၀၂၄ ခုနှစ် ဇူလိုင်လကလည်း SEA International Film Festival 2024 မှာ Best Producer Award ၊ Best Director Award နဲ့ Best Actor Award ဆုတွေရရှိခဲ့ကြပါတယ်။

“ကံကောင်း” ရုပ်ရုင်ဇာတ်ကားကြီး Winner ဖြစ်ဖို့ ဆက်လက်ရင်ခုန်မျှော်လင့်မိပါတယ်။ ကံကောင်းရုပ်ရှင်ကားကြီးမှာ တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်” လို့ သူက ဆက်လက်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ခတ္ထိယရုပ်ရှင်ထုတ်လုပ်ရေးက “ကံကောင်း” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဓာတ်ပုံဆုကို ဝင်းလွင်ထက်နဲ့ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆုကို ကောင်းဆက်ပိုင် (ဂီတမြို့)တို့က အကယ်ဒမီဆုအသီးသီးကို ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

ကံကောင်း ရုပ်ရှင်ဇာတ်ကားကတော့ ထိုင်းနိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံနဲ့ ကိုးရီးယားနိုင်ငံတွေ အသီးသီးအထိ ပြသနေလျက်ရှိတာလည်းဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
image
image
image
image