16 w - Translate

တောမီးကြောင့် LA Kings အသင်းနှင့်ပွဲစဉ် ရွှေ့ဆိုင်း
--------------------------
အမေရိကန် အမျိုးသားဟော်ကီလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အယ်လ်အေကင်း(LA Kings)အသင်းနဲ့ ကယ်ဂါရေး ဖလိမ်း (Calgary Flames) အသင်းတို့ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ တောမီးက လော့စ်အန်ဂျလိစ် ဆင်ခြေဖုံးရပ်ကွက် တွေဆီကို ကူးစက်လာခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

လက်ရှိမှာ မီးဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့ လော့စ်အန်ဂျလိစ် အသိုက်အဝန်းတစ်ခုလုံးနဲ့အတူ ရပ်တည်နေသလို မီးငြှိမ်းသတ်ဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ အယ်လ်အေကင်းအသင်းရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ မီးဘေးကြောင့် အသင်းသားတွေဟာ ပွဲကစားဖို့အတွက် စိတ်အဆင်မပြေ မှုတွေ ရှိနေသလို ပရိသတ်တွေလည်း ကွင်းကို လာရောက်ဖို့ အခက်အခဲတွေရှိနိုင်တာကြောင့် ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်း အယ်လ်အေကင်းအသင်းက ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ လော့စ်အန်ဂျလိစ် အခြေစိုက် ဘတ်စကက်ဘောအသင်းဖြစ်တဲ့ အယ်လ်အေလိတ်ကာအသင်းကတော့ အခုတစ်ပတ်ထဲကစားရမယ့် ဟောနက်စ် အသင်းနဲ့ပွဲကို ပုံမှန်အတိုင်း ဆက်ကစားဖွယ်ရှိနေပါတယ်။ လော့စ်အန် ဂျလိစ်အခြေစိုက် NFL အသင်း ဖြစ်တဲ့ အယ်လ်အေရမ်းစ်အသင်းကတော့ သူတို့ရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို ရပ်နားထားတယ်လို့ သိရပါ တယ်။

image