" လှည်းတန်း " ဟာ ကျွန်တော်တို့ရဲ့ အသည်းတစ်ခြမ်းပါပဲ❤️
ကျွန်တော်တို့ဟာ လူငယ်တွေပါ လှည်းတန်းလမ်းမကြီးပေါ်မှာ အမှတ်တရများစွာ ရှိကြတယ်✨
လှည်းတန်းလို့ ပြောလိုက်တာနဲ့ တစ်စုံတစ်ယောက်ကို သတိရကြမှာပါ။ လှည်းတန်းဟာ လူငယ်တိုင်းအတွက် အမှတ်တရ ကိုယ်စီရှိတဲ့ နေရာ တစ်နေရာဆိုလည်းမမှားဘူ🌟
လှည်းတန်းလို့ ပြောလိုက်တာနဲ့ လွမ်းစရာတွေဟာ ရင်နဲ့ မဆန့်အောင်ပါပဲ❤️
"ဦးထွန်းလင်းခြံလမ်း" ကို လွမ်းတယ်✨
"အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ" ကို လွမ်းတယ်✨
"အတူတူပျောက်ခဲ့ဖူးတဲ့ လမ်းတွေ" ကို လွမ်းတယ်✨
"လှည်းတန်းစင်တာရဲ့ လှေကားခွင်မှာ ထိုင်ရတဲ့အရသာ" ကို လွမ်းတယ်
" ရွှေ " ကို လွမ်းတယ်။
"လှည်းတန်းက ဝင်း ရခိုင်မုန့်တီဆိုင်" ကို လွမ်းတယ်။
"လှည်းတန်းစင်တာက ရပ်စောင့်နေကြ နေရာလေး" ကို လွမ်းတယ်။
သင်တန်းတွေ/ စားသောက်ဆိုင်တွေ/ ဖက်ရှင်ဆိုင်တွေ/ လူငယ်တွေ အားလုံးကို လွမ်းတယ်။
မင်းနဲ့အတူ သွားခဲ့တဲ့ လှည်းတန်း မုန့်စျေးတန်းကိုလည်း လွမ်းတယ်။
"လှည်းတန်း" ဟာ "အမြဲတမ်း" လွမ်းစရာတွေနဲ့ ပြည့်နှက်နေတယ်
လှည်းတန်း လမ်းမကြီးပေါ်မှာ အမှတ်တရများစွာရှိခဲ့ဖူးကြမှာပါနော်
