လီဗာပူးလ်အသင်းဟာ ဖီယင်နုအသင်းတောင်ပံကစားသမား အေနစ်ဟန်ဂျ်မူဆာကို အသင်းဆီခေါ်ယူအားဖြည့်ဖို့အတွက်စီစဉ်နေတယ်လို့ Football Insider သတင်းအရင်းအမြစ်ကဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်အေနစ်အန်ဂျ်မူဆာဟာအဂ်လန်ပရီးမီးယားလိဂ်နာမည်ကြီးကလပ်လီဗာပူးလ်အသင်းရဲ့ကစားပုံကိုအနီးကပ်စောင့်ကြည့်ခံနေရပြီး သူ့အနေနဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ဖီယင်နုအသင်းနဲ့အကောင်းမွန်ဆုံးစွမ်းဆောင်ရည်တွေလုပ်ဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ကြိုးကြာနီအသင်းအနေနဲ့ကတော့ အေနစ်ဟန်ဂျ်မူဆာကို အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက်ဆာလက်နေရာအတွက် အရံအဖြစ်ထားရှိဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

အေနစ်ဟန်ဂျ်မူဆာဟာ ဖီယင်နုအသင်းအတွက်ဒီရာသီကာလမှာ ပြိုင်ပွဲစုံ ၁၉ ပွဲပါဝင်ကစားထားခဲ့ပြီး ၆ ဂိုးသွင်း ၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

imageimage