🌐 HMPV ဗိုင်းရပ်စ်ကူးစက်ရောဂါ⚠️နောက်ဆက်တွဲပြဿနာများ အပိုင်း(၂)
အပိုင်း(၁) ဖတ်ရန်။ https://shorturl.at/b4vkq
နောက်ဆက်တွဲပြဿနာများအများစုတွင် သာမန်လက္ခဏာမျှသာဖြစ်ပြီး တစ်ခါတစ်ရံတွင် ရောဂါပြင်းထန်နိုင်ကာ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
▶ လေပြွန်ရောင်ခြင်း (bronchitis and bronchiolitis)
▶ အဆုတ်ရောင် နမိုးနီးယားရောဂါဖြစ်ခြင်း
▶ ပန်းနာရင်ကျပ်ရောဂါနှင့် နာတာရှည် အဆုတ်ပွပန်းနာရောဂါ အခံရှိသူများတွင် ရောဂါကြွလာခြင်း (Asthma and COPD flare-ups)
▶ နားပိုးဝင်ခြင်း (otitis media)
အထက်ဖော်ပြပါ ပြင်းထန်ရောဂါလက္ခဏာများကို ခံစားရပါက မိသားစုဆရာဝန် နှင့်တိုင်ပင်၍ ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါလက္ခဏာပြင်းထန်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခဲ့လျှင် ရောဂါလက္ခဏာများကို သေချာစွာစောင့်ကြည့်၍ ကုသမှုများကို အချိန်မီရရှိနိုင်ရန် ဆေးရုံတက်ရောက်ကုသရန် လိုအပ်နိုင်သည်။
🩺 ကုသခြင်းရောဂါလက္ခဏာအများစုမှာ ရက်အနည်းငယ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ HMPV ဗိုင်းရပ်စ်ပိုးကို ပျောက်ကင်းစေနိုင်သော ဗိုင်းရပ်စ်ပိုးသတ်ဆေးမရှိသော်လည်း အောက်ဖော်ပြပါ ကုသမှုများဖြင့် ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။
▶ ကိုယ်ပူ၍ နာကျင်ကိုက်ခဲခြင်းများကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများဖြင့်
ကုသခြင်း (ဥပမာ_ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်)
▶ နှာချေပြီး နှာရည်ကျခြင်းကို သက်သာစေရန် ဆေးများပေးခြင်း (ဥပမာ_nasal decongestants)
▶ အသက်ရှူလျှင် အသံမြည်ခြင်း၊ ချောင်းဆိုးခြင်း အစရှိသော အသက်ရှူလမ်းကြောင်း ပြဿနာများအတွက် လိုအပ်လျှင် ရှူဆေးများပေးခြင်း (inhaler) တို့ဖြင့် ကုသနိုင်သည်။
ပြင်းထန်ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပါက ဆေးရုံတက်ရောက်၍ အောက်ဆီဂျင်ပေးခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းမရှိစေရန် သွေးကြောထဲသို့ ဆေးရည်များဖြည့်ပေးခြင်း၊ ရောင်ရမ်းမှုကို လျော့ကျစေရန်နှင့် ရောဂါလက္ခဏာများသက်သာစေရန် စတီးရွိုက်ဆေးဝါးများပေးခြင်းတို့ဖြင့် ကုသနိုင်သည်။
🌈 ကာကွယ်ခြင်း
HMPV ဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေးမရှိသေးသော်လည်း အောက်ဖော်ပြပါ နည်းလမ်းများ (ကိုဗစ်-19 ကာကွယ်ရေးနည်းလမ်းများအတိုင်း)ကို လိုက်နာခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်။
▶ လက်ကို ရေ၊ ဆပ်ပြာတို့နှင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ ဆေးကြောသန့်စင်ခြင်း
▶ ရေနှင့်ဆပ်ပြာ မရရှိနိုင်ပါက လက်သန့်စင်ဆေးရည်ကို အသုံးပြုခြင်း
▶ နှာချေ၊ ချောင်းဆိုးလျှင် နှာခေါင်းနှင့် ပါးစပ်ကို တံတောင်ဖြင့်အုပ်၍ ဆိုးခြင်း
(လက်ဖြင့်တိုက်ရိုက် အုပ်ခြင်းကို ရှောင်ကြဥ်ပြီး တစ်ရှူး၊ လက်ကိုင်ပုဝါတို့ကို အသုံးပြုခြင်း)
▶ နေမကောင်းဖြစ်နေပါက လူအများရှိသော ပတ်ဝန်းကျင်ကို ရှောင်ကြဥ်၍ သီးသန့်နေထိုင်ခြင်း▶ လက်ကို ဆေးကြောသန့်စင်ခြင်းမပြုလုပ်ဘဲ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာတို့ကို ထိတွေ့ကိုင်တွယ်မှု မပြုလုပ်ခြင်း
▶ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများကို အများနှင့်မျှဝေသုံးစွဲမှု မပြုလုပ်ခြင်း
#hmpv#updatenews#cllhealth #careforlifeandlongevity
#hmpv #virus #stayhealthy #protectyourself

