မင်းကွန်းပုထိုးတော်ကြီး❤️
ဘိုးတော်ဘုရား စတင်တည်ဆောက်ခဲ့သော
ပုထိုးတော်ကြီးသည် "ဘုရားလည်းပြီး ပြည်လည်းပျက်လတ္တံ" ဟူသော သဘောင်ကြောင့် ယခုတိုင် တပိုင်းတစအဖြစ် ဖူးမြော်တွေ့မြင်ရတာပါ။ အကယ်၍ အပြီးသတ်ခဲ့သော် ဉာဏ်တော် အမြင့်ပေ ၅၀၀ မျှရှိမည်ဖြစ်ပြီး ယခုတော့ အပြီးမသတ်နိုင်သောကြောင့် အမြင့်ပေ ၁၆၂ပေ ၊ ပတ်လည် ပေ ၄၅၀ ထဲမှ ငလျင်ဒဏ်ကြောင့် အနည်းငယ် ယိုယွင်းပျက်စီးခဲ့ပါတယ်။ ဧရာဝတီမြစ်မှ သင်္ဘောစီးလာလျှင်ပင် အဝေးမှပင်လှမ်းမြင်နိုင်ထိ ကြီးမားလှသည်။ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိူင်တဲ့ မြန်မာနိူင်ငံ၏အထင်ကရ နေရာတခုလည်းဖြစ်ပါတယ်။
#သွားမယ်တည်းမယ်


