၂၀၂၅ မှာ အနိုင်ကို မရှာတွေ့သေးတဲ့ လီဗာပူး
မနေ့ညက ခါရာဘောင်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ လီဗာပူးအသင်းဟာ စပါးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက် ကို ၂ ဂိုးစီ သရေကျခဲ့သလို အခုပွဲမှာလည်း ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၅ ထဲမှာ နိုင်ပွဲလုံး၀ မရရှိသေးဘူးလို့ ပြောလို့ရနေခဲ့ပါတယ် ။ ဒီရှုံးပွဲဟာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း လီဗာပူးအတွက် အခုရာသီ ဒုတိယမြောက်ရှုံးပွဲလည်း ဖြစ်လာခဲ့ရပါတယ်
