16 w - Translate

Silence Of The Prey (2024)

2024 ထွက် Horror ကားအသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 6.4 အထိရထားပြီး ဇာတ်လိုက်မင်းသမီးလေးကလည်း ကလေးအမေနေရာက သရုပ်ဆောင်ရပေမဲ့ တကယ်အကြည်ဓာတ်လေးမို ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားလိုပြောရပါမယ်။

နီနာဟာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဘယ်လာရုစ်ကနေ အမေရိကားဘက်ကိုထွက်ပြေးလာတဲ့ တရားမဝင်ပြောင်းရွှေ့ဒုက္ခသည်တစ်ယောက်ဖြစ်ပါတယ်။ အမေရိကားအရောက်မှာတော့ ပရဟိတအဖွဲအစည်းတစ်ခုအကူအညီနဲ့ နယူးပလိုင်းမောက်ဆိုတဲ့ဒေသတစ်ခုမှာ အိမ်အကူလုပ်ငန်းကို လက်ခံခဲ့ပါတယ်။

အဲဒီမှာအလုပ်လုပ်ရင်း အချိန်တစ်ခုကြာလာတဲ့အခါ ရှေ့နေနဲ့ချိတ်ဆက်ပြီး ဗီဇာကိစ္စလည်းဆောင်ရွက်ပေးမယ်ဆိုတဲ့ ဆွယ်တရားကောင်းမှုကြောင့် နီနာနဲ့သမီးလေးဘယ်လာဟာ လူသာရဲ့အိမ်ကိုအိမ်အကူအနေနဲ့ ရောက်သွားပါတော့တယ်။ ထူးခြားချက်တစ်ခုက အရင်ကလည်း တရားမဝင်အလုပ်သမားအတော်များများကို လူသာ့ဆီ‌ပိုပေးရနေကျဆိုတာကို နီနာ့အနေနဲ့ ကြိုတင်သိရှိခဲ့ပေမဲ့ ဘာကိုမှသံသယမဝင်ခဲ့ပါဘူး။

ဒီလိုနဲ့အလုပ်လုပ်ရင်း ဘာမှထူးခြားမှုမရှိခဲ့ပေမဲ့ တစ်ရက်မှာတော့အန်ဒရူးလိုခေါ်တဲ့လူတစ်ယောက် သူတိုအိမ်ကိုရောက်ရှိလာတဲ့အခါ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေ စတင်ကြုံတွေ့လာရပါတော့တယ်။ ဒေသစိမ်းတစ်ခုကိုရောက်ရှိသွားတဲ့ နီနာရဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။
#horror

image