16 ပတ် - ဘာသာပြန်ပါ။

နေပြည်တော်တွင် ကလေးကျောင်းကြိုလာသည့် ဆိုင်ကယ်ကို ကားတစ်စီးမှ တိုက်ပြီး ထွက်ပြေး

ဇန်နဝါရီ ၈

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းလျှပ်စစ်ဝန်းအကွေ့တွင် ကလေးကျောင်း ကြိုလာသည့် ဆိုင်ကယ်ကို ကားတစ်စီးမှတိုက်ပြီးထွက်ပြေးရာ ဆိုင်ကယ်မောင်းသူ ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက် နေ့လည် ၃ နာရီ ၁၅ အချိန်တွင် မော်တော်ဆိုင်ကယ်ဖြင့် ဖခင်ဖြစ်သူမှ ကလေးများကို ကျောင်းမှကြိုလာစဉ် ထိုဆိုင်ကယ်၏အနောက်မှ ယာဉ်တစ်စီးမှာ တိုက်ပြီးထွက်ပြေး သွားကြောင်း သိရသည်။

“သူငယ်တန်းကလေးနဲ့လေးတန်းကလေးကို ကျောင်းဆင်းလို့ ခေါ်လာတာ။ အဲ့မှာ ကားကတိုက်ပြီး ထွက်ပြေးသွားတယ်။ ကလေးအဖကတော့ ဦးခေါင်းကွဲတယ်။ ကလေးတွေကတော့ ပွန်းပဲ့ဒဏ်ရာရတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုဒဏ်ရာရရှိသူ အမျိုးသားကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image