16 ပတ် - ဘာသာပြန်ပါ။

ကျိုက်ထီးရိုးဘုရားပွဲမှ ပြန်လာသည့် Light Truck ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးသစ်ပင်အားတိုက်မိရာ (၁၂) ဦး ဒဏ်ရာရ

ဇန်နဝါရီ ၈

ကျိုက်ထီးရိုးဘုရားပွဲမှ ပြန်လာသည့် Light Truck ယာဉ်တစ်စီးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံပန်းခြံအနီး၊ ခရေပင်လမ်းမပေါ်တွင်အရှိန်လွန်၍ လမ်းဘေးသစ်ပင်အားတိုက်မိရာ (၁၂) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက် နေ့လည် ၃ နာရီအချိန်ခန့်တွင် မင်္ဂလာဒုံပန်းခြံအနီး၊ ခရေပင်လမ်းမပေါ်တွင် Light Truck ယာဉ် ၁ စီးသည်အရှိန်လွန်၍ လမ်းဘေးသစ်ပင်အားတိုက်မိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ Yangon Rescue Organization (YRO) ၏ အဖွဲ့ဝင်” မြသီတာ-လူ မှုကူညီရေးအသင်း(မင်္ဂလာဒုံ)၊ မာတာ- လူမှုကူညီရေးအသင်း(မင်္ဂလာဒုံ)”တို့မှ စေတနာ့ဝန်ထမ်းများနှင့်အတူ ကြယ်စင်မေတ္တာ-လူမှုကူညီရေးအသင်း (ဓညင်းကုန်း) တို့မှ လာရောက်ကူညီခဲ့ကြောင်း သိရသည်။

“ကျိုက်ထီးရိုးဘုရားကနေပြန်လာတဲ့ကား။ သစ်ပင်တိုက်မိတာ။ ယာဉ်လည်းပျက်စီးသွားတယ်” လို့ မြေပြင်အား သွားရောက်ကူညီသည့် Yangon Rescue Organization(YRO) အသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုယာဉ်တိုက်မှုကြောင့် အမျိုးသား ၅ ဦး၊အမျိုးသမီး ၅ ဦး၊ ကလေး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage
+4