16 w - Translate

ယနေ့ လားရှိုးမြို့ကြီး အခြေအနေ
မော်တော်ကား
ဒေသတွင်းက မော်တော်ယာဉ်တွေကို မောင်းနှင်ခွင့်ကဒ်တွေ ထုတ်ပေးတာကလွဲပြီး ထူးခြားမှု မရှိပါ။
လေယာဉ်
နိုင်ငံဖြတ်ကျော်လေယာဉ်တွေ တစ်ရက်ကို အစီး (၁၀၀) ကျော် ဖြတ်ပျံသွားတာကလွဲပြီး ထူးခြားမှု မရှိပါ။ ၄-၅-၆ စီးလောက်ပျံနေတယ်ဆိုတာ ဈေးပွဲထဲမှာရောင်းတဲ့ ကစားစရာ လေယာဉ်တွေ ဖြစ်ပါတယ်။
လျှပ်စစ်မီး
၂ ရက်ခြားပုံမှန်လာနေပါတယ်။ မီတာခ မကောက်သေးပါ။
မျဉ်းစောင်း
ဘယ်မျဉ်းစောင်းပဲဖြစ်ဖြစ် ဝင်လာလို့ရပါတယ်။ လမ်းမှာတော့ ၅/ ၈/ ၁၁/ တွေဆို ရေများများလောင်းရင် ပေးဖြတ်ပါတယ်။ ၁၃/ တွေကတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေရောက်ရင် ရစ်ခံရတတ်ပါတယ်။
ဖုန်းလိုင်း
အဆက်အသွယ်ပြတ်နေတဲ့ မိသားစုတိုင်းနဲ့ ပြန်ပြီး အဆက်အသွယ်ရနေပါတယ်။ စိုးရိမ်ရန် မလိုပါ။
VPN နဲ့ပတ်သက်ပြီး ဥပဒေထွက်လာမှပဲ လိုင်းတွေလဲ မကောင်းတော့ဘူး။ ကိုယ်တွေနေတဲ့ လားရှိုးမှာတော့ အဲ့ဥပဒေ မထွက်ခင်ကတည်းက ဖုန်းထဲ VPN တွေ့ရင် ဖုန်းသိမ်း ဆိုင်ကယ်သိမ်း ငွေညှ-စ် လုပ်နေကြတာ ခုအဲ့လူတွေ ဘယ်ရောက်ကုန်ပြီလဲ မသိဘူး။ ကိုယ်စားတဲ့ထမင်းလုတ်ထဲ သူများအပူစာတွေ မျက်ရည်တွေနဲ့ ဘယ်လိုစားဝင်ကြလဲ မသိဘူး။ ခုလဲ စမထ ဥပဒေကို အကြောင်းပြုပြီး အောက်ခြေမှာ ဘယ်လိုတွေဖြစ်နေကြလဲ စုံစမ်းကြည့်ကြပါဦး။
တခြားဒေသကို ထွက်လာရသူတွေလဲ အားမငယ်ကြပါနဲ့။ အားမငယ်ကြနဲ့လို့ပဲ အားပေးနိုင်တာပါ။ ခုအခြေအနေက ဘယ်လိုဖြစ်နေလဲဆိုရင် ငွေကြေးချမ်းသာတဲ့သူတွေက ပြ-န်ပေ-းဆွဲခံရမှာ စိုးရိမ်နေကြသလို ငွေကြေးမတတ်နိုင်တဲ့သူတွေက ပေါ်-တာဆွဲခံရမှာ စိုးရိမ်နေကြရပါတယ်။ ဘယ်လိုတွေတောင်လားလို့ ပြောရမလိုပါပဲ။ ဘေးကင်းကြပါစေ။
ကိုနေမျိုး (၈.၁.၂၀၂၅)
#လားရှိုး
#အခြေအနေ
#crd

image